တရုတ်သူတောင်းစား အိတ်ထဲက ထိုင်းဘတ်ငွေ ၂ သောင်းကျော် ရှာဖွေတွေ့ရှိ

Wednesday, January 28, 2015



ဓာတ်ပုံ - Bangkokpost.com

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ Chai Nat ခရိုင်တွင်မသန်စွမ်းသူ တရုတ်လူမျိုးသူတောင်းစားတဦးရဲ့ အိတ်ထဲမှ ထိုင်းဘတ်ငွေ ၂၁,၅၄၀ ကို ခရိုင်တာဝန်ရှိသူများက မနေ့က အင်္ဂါနေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ Xu Baosong ဆိုသူ တရုတ်သူတောင်းစားကို သူတောင်းစားများပပျောက်ရေး လှုပ်ရှားမှုအဖွဲ့နဲ့ ရဲအဖွဲ့များက Muang Chai Nat ရပ်ကွက်၊ Khong Tham လမ်းပေါ်မှာ ရှိတဲ့ ဈေးတခုမှာ တွေ့ရှိခဲ့တာပါ။

သူဟာ တရုတ်ပြည်ရှိ Henan နယ်သားဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ထိုင်းဘာသာစကားတို့ကိုလည်း မပြောတတ်ဘူးလို့ သတင်းက ဆိုပါတယ်။ ဒါကြောင့် အခုလို တောင်းစားခြင်းဟာ တရားမ၀င်ဘူးလို့ တာဝန်ရှိ သူတွေက ရှင်းပြပါတယ်။

အဲ့ဒီ တရုတ်သူတောင်းစားရဲ့ အိတ်ထဲမှ အကြွေစေ့တင် ဘတ် ၄၈၀ ရှိပြီး စုစုပေါင်း ဘတ်ငွေ နှစ်သောင်းကျော် ကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“သူတောင်းစားကတောင် ကျနော့်လစာထက် များတဲ့ငွေတွေ ရှိနေတယ်” လို့ တာဝန်ရှိသူရဲတဦးက ဆိုပါတယ်။ Mr.Xu ဟာ ဟိုတယ်မှာ နေထိုင်ပြီး သူနေထိုင်ရာအခန်းထဲမှလည်း ငွေကြေးအမြောက်အများကို  ထပ်မံတွေ့ရှိခဲ့သေးတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ၎င်းအား မေးမြန်စစ်ဆေးပြီးနောက် တရုတ်ပြည်သို့ ပြန်ပို့ရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနသို့ လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။



ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/460790/chinese-beggar-had-b21540-in-his-bag








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved