ပါရီ အကြမ်းဖက် သမားဟုသံသယရှိသူ ၂ ဦးကို ခြေရာခံမိထားဟုဆို

Friday, January 9, 2015


ပါရီ အကြမ်းဖက်သတ်ဖြတ်မှုကို ကျူးလွန်သူလို့ သံသယဖြစ်သူ ပြင်သစ်နိုင်ငံသား Kouachi ညီအကို ၂ ဦး ကို ပြင်သစ်နိုင်ငံ မြောက်ပိုင်း Reims မြို့အနီးဒေသတွင် ခြေရာခံမိထားမိပြီဖြစ်ကြောင်း ပြင်သစ် သတင်းများက ဖော်ပြနေပါတယ်။ 



 ပါရီအကြမ်းဖက်မှု သံသယဖြစ်ခံရသူ ၂ ဦး၊ ဓာတ်ပုံ- စီအန်အန်

အဆိုပါ သံသယဖြစ်သူ Kouachi ၂ ဦးသည် ၀န်ဆောင်မှုပေးသော ဌာန အဆောက်အဦးတခုတွင် ၀င်ရောက် လုယက် သွားသည်ဟုလည်း သတင်းများက ဖော်ပြကြပါတယ်။ 

ဗုဒ္ဓဟူးနေ့က ပါရီမြို့ရှိ သရော်စာ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်မှ ကာတွန်း ဆရာများ နှင့် အယ်ဒီတာ ၄ ဦး၊ ၀န်ထမ်း တချို့၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအ၀င် စုစုပေါင်း ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အနည်းဆုံး ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ ပါရီအကြမ်းဖက်မှုကို ကျူးလွန်သူဟု အဓိက သံသယ ဖြစ်သူ အဆိုပါ သေနတ်သမား ၂ ဦးဟာ ၃၂ နှစ်အရွယ် ရှရှစ်ဖ် ခူချီ (Cherif Kouachi) နှင့် ၎င်း၏ အစ်ကို
တော်စပ်သူ ဆာအစ် ခူချီ (Said Kouachi) တို့ ၂ ဦး ဖြစ်ကြောင်း သိရပါတယ်။ 

Kouachi ညီအကို ၂ ဦးအနက် တဦးသည် ယခင်က ပီိဇာမုန့်လိုက်လံ ဝေငှရောင်းချသူတဦးဖြစ်ပြီး အဆိုပါ ညီအကို ၂ ဦးသည် လွန်ခဲ့သည့် နွေရာသီကာလက ယီမင်နိုင်ငံက ပြန်လာသူများဖြစ်သည်ဟု ယူအက်စ်အေ တူဒေး သတင်းက ဆိုပါတယ်။ 

 ပြင်သစ်နိုင်ငံ လမ်းများ၌ ရဲလုံခြုံရေး ၈ ထောင်နှင့် လုံခြုံရေးတင်းကြပ်ထားပြီး သံသယဖြစ်သူ အဆိုပါ Kouachi ညီ အကို ၂ ဦးအားဖမ်းဆီးရမိရေး ရဲ S.W.A.T အဖွဲ့များနှင့်ရဟတ်ယာဉ်များအသုံးပြုကာ လိုက်လံ ရှာဖွေ ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း ပြင်သစ်တပုဒ်က ဆိုပါတယ်။ 

Kouachi ညီအကို ၂ ဦးအနက် အကိုဖြစ်သူ၏ မှတ်ပုံတင်ကိုလည်း ကားဂိတ်တခုမှ သိမ်းဆည်းရမိထားပြီး အမေရိကန် ပြည်ထောင်စုက ၄င်းအား ယီမင်နိုင်ငံသို့ ခရီးသွားခဲ့သူဖြစ်ကာ အယ်လ်ကေဒါ သို့မဟုတ် အစွန်းရောက် အကြမ်းဖက် အုပ်စုတခုခုနှင့် အဆက်အသွယ်ရှိသူဟု မှတ်ယူထားပြီး လေယာဉ်ခရီးစဉ်တွင် လိုက်ပါစီးနင်းခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။ 

ပါရီ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ စုစုပေါင်း ၉ ဦးကိုလည်း ဖမ်းဆီး ထားပြီးဖြစ် ကြောင်း ပြင်သစ်အစိုးရက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

 ပါရီ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် သေဆုံးသွားကြသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကမ္ဘာကျော် အီဖယ်မျှော်စင်ကိုလည်း ယမန်နေ့ညက အမှောင်ချခဲ့ပြီး ပြင်သစ်သမ္မတကလည်း နိုင်ငံတော် ၀မ်းနည်းခြင်းနေ့ ကြေ ညာထားကာ ၃ ရက်တာ အလံတ၀က် လွှင့်ထူရန် ပြင်သစ်အစိုးရက ကြေညာ ထား ပါတယ်။ 



အိမ့်သံစဉ် ~ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved