သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၉)

Friday, January 30, 2015




 ပျင်းတတ်တဲ့ တို့လူငယ်တို့ အတွက် အခုတပတ်မှာတော့ မျှော်လင့်ခြင်း၊ စိတ်ကူးခြင်းနဲ့ ယုံကြည်ခြင်းတွေ အကြောင်း ပြောပြပါဦးမယ်။ မျှော်လင့်ခြင်းကို Hope လို့ ဆိုပါတယ်။ ဘာကို မျှော်လင့်တာလဲ။ ဘ၀ အောင်မြင်ရေး။ ဘယ်လို ဘ၀အောင်မြင်ရေးလဲ။ ဘာကို မျှော်လင့်တာလဲ။

ဥပမာ အောင်မြင်တဲ့ အဆိုတော်၊ ရှေ့နေ၊ ကျောင်းဆရာ၊ စာရေးဆရာ၊ မော်ဒယ်၊ သရုပ်ဆောင်၊ လုပ်ငန်းရှင် စသဖြင့် ဖြစ်ဖို့ မျှော်လင့်တယ် ဆိုပါတော့။ မျှော်လင့်ရုံ သက်သက်ပဲ ဆိုရင် တကယ်လက်တွေ့ ဘယ်လိုလုပ် ဖြစ်လာမှာလဲ။ ပထမဆုံး ကိုယ် မျှော်လင့်တာနဲ့ ကိုက်ညီတဲ့ အသိပညာ အတတ်ပညာလည်း ပြည့်စုံရမှာ ဖြစ်တယ်။

ဥပမာ ရှေ့နေဖြစ်ချင်ရင် ရှေ့နေပညာရပ်၊ မော်ဒယ်လုပ်ချင်ရင် မော်ဒယ်အတတ် စတာတွေကို တတ်မြောက်ရမှာ ဖြစ်တယ်။ ဒီတော့ ကိုယ့်မှာ မျှော်လင့်ချက်လည်း ရှိပြီ၊ အတတ်ပညာလည်း ပြည့်စုံနေပြီ ဆိုရင်… ကိုယ်ဘယ်လို အောင်မြင်ရမယ် ဆိုတာ စိတ်ကူးကြည့်ပါ။ တနည်း ပြောရရင် Hope လို့ခေါ်တဲ့ မျှော်လင့်ခြင်း ပြီးရင် ကိုယ်ဘယ်လို မျှော်လင့်ထားတယ် ဆိုတာ စိတ်ကူးကြည့်ပါ။ Imagine ပေါ့။

အဲဒီ Imagine ဆိုတာက ကိုယ်အလိုရှိတဲ့ ဘ၀အနေအထားကို ပုံဖော်စိတ်ကူးတာဖြစ်တယ်။ ကိုယ်အလိုလားဆုံး ဘ၀အနေအထားကို ဖြစ်လာပြီ၊ ဖြစ်နေပြီ၊ လို့ ယုံကြည်လိုက်ပါ။ ပြီးတော့ အဲဒီအတိုင်း ပြုမူပါ။ အဲဒါကို Believe လို့ ခေါ်တယ်။ မျှော်လင့်ရုံသက်သက်ဆိုရင် လုပ်ဆောင် ကျင့်ကြံမှု မပါဘူးလေ။ ဒီတော့ ဘယ်ဖြစ်လာမလဲ။ ကိုယ်လုပ်ကိုင် ပြုမူ နေထိုင်ရမယ့် အနေအထားကို သိမြင်ပြီး အဲဒီအတိုင်း ယုံကြည်ရင်တော့ ကိုယ်ဖြစ်ချင်တာ ဖြစ်လာမှာ သေချာတယ် စိတ်ချလိုက် တို့လူငယ်လို့ ပြောပါရစေ။

ဘ၀မှာ ကိုယ်လိုလားသလို မအောင်မြင်တဲ့သူတွေဟာ မျှော်လင့်ချက် မရှိလို့ ဆိုတာ တွေ့နိုင်သလို၊ ကိုယ်လိုလားတဲ့ အတိုင်း ကိုယ့်ရဲ့ အပြုအမူ ကျင့်ကြံနေထိုင်ဖို့ ပျက်ကွက်နေတာတွေ့ရတယ်။ ပြီးတော့ ကိုယ်ဘယ်လို ဘ၀မှာ အောင်မြင်ရမယ်၊ ဘ၀မှာ ဘယ်လို အောင်မြင်နေပြီဆိုတာ စိတ်ကူးမရှိတာလည်း တွေ့ရတယ်။ နောက်ပြီး အဲဒီလို အောင်မြင်ပြီလို့ မယုံကြည်တာကြောင့် ဆိုတာ တွေ့ရတယ်။ ဒီတော့  ဒီစကားတွေကို အနှစ်ချုပ် ပေးပါဦးမယ်။

အဲဒါကတော့

Be hopeful with all your life,
And imagine with your mind,
And believe with all your heart,
Sure is that the Achieve with all your might.
လို့ ပြောပါရစေ။


 
ပျင်းတဲ့
နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved