ငွေလိမ်တောင်းတဲ့ တက္ကစီဒရိုင်ဘာ ဒဏ်ရိုက်ခံရ

Monday, February 2, 2015



ဒဏ်ငွေစာရွက်နဲ့အတူ တက္ကစီဒရိုင်ဘာ (ဓာတ်ပုံ -  bangkokpost.com)

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှ အငှားယဉ် ဒရိုင်ဘာတယောက်ဟာ ဂျပန်ခရီးသည်တယောက်ကို လိမ်လည်ပြီး အငှားယဉ်ခတောင်းခံခဲ့တဲ့အတွက် အဲ့ဒီခရီးသည်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနကို  ဗီဒီယိုဖိုင်နဲ့တကွ တိုင်ကြားလိုက်တာကြောင့် ပြစ်ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ Mr. Udon Sasanasupin ဟာ ဒဏ်ငွေအဖြစ် ဘတ်သုံးထောင်ကို ပေးဆောင်ခဲ့ရပြီး သုဝဏ္ဏဘူမိလေဆိပ်မှာလည်း နောက်ထပ် taxi ဆွဲခွင့်ကိုပါ ပိတ်ပင်ခံခဲ့ရပါတယ်။

အငှားယာဉ်များဟာ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးသည်တွေကို တန်းစီစောင့်ဆိုင်းနေတုန်း
အဲ့ဒီ တက္ကစီသမားဟာ သူရဲ့အငှားယဉ် မီတာမျက်နှာပြင်ကို အ၀တ်နဲ့ အုပ်ပြီးစောင့်နေခဲ့တာပါ။ နောက်တော့ အဲ့ဒီလူရဲ့အငှားယဉ်ဟာ အစိုးရသတ်မှတ်ထားတဲ့ တက္ကစီ မီတာခ ထိုင်း ၃၅ ဘတ်နဲ့မစဘဲ ၇၅ ဘတ်က စတင်လိုက်တာကို ဂျပန်ခရီးသည်က သိရှိသွားပြီး ဗီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထားလိုက်ကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနကို အကြောင်းကြားခဲ့တာပါ။

တက္ကစီဒရိုင်ဘာက သူ့အနေနဲ့ မီတာဖွင့်ထားမိတာကို မေ့သွားတာလို့ ပြန်လည်ချေပခဲ့ပေမယ့်လည်း တာဝန်ခံတွေက ဗီဒီယိုဖိုင်ကို တွေ့ရှိထားပြီးဖြစ်တဲ့အတွက် Mr. Udon လိမ်လည်တာဖြစ်တယ်လို့ သိရှိထားကြပါတယ်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေး တာဝန်ခံ ဒါရိုက်တာ Teerapong Rodprasert က သူ့အနေနဲ့ မီတာစက်ထုတ်လုပ်တဲ့ ကုမ္ပဏီကို သူတို့ရဲ့ မီတာစက်တွေကို ဘယ်လိုနည်းနဲ့မှ ပြင်ဆင်လို့ မရနိုင်စေရန် ထုတ်လုပ်ဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဘယ်သူမဆို မီတာတွေကို ပြုပြင်ပြောင်းလဲခဲ့ရင်လည်း ဒဏ်ငွေ ဘတ် ၅၀၀၀ ထိ ပေးဆောင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/transport/462585

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved