မြန်မာ-ထိုင်း-ကမ္ဘောဒီးယား ချိတ်ဆက်ရထားလမ်းစီမံကိန်း ဂျပန်ရင်းနှီးမြှုပ်နှံမယ်

Wednesday, January 28, 2015


မြန်မာ- ထိုင်း- ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆက်သွယ်ချိတ်ဆက်မယ့် အမြန် ရထားလမ်းစီမံကိန်းတခုကို ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါပြီ။ 



 ဓာတ်ပုံ- ဘန်ကောက်ပို့စ် 

ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထားဝယ်စီမံကိန်းဒေသကတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် ကချနပူရီကို ဖြတ်ပြီး ကမ္ဘောဒီးယားနိုင်ငံ  Quy Nhon မြို့တွေထိ ချိတ်ဆက်မယ့် ရထားလမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် က ပြောလိုက်ပါတယ်။

ထိုင်း ဒု ဝန်ကြီးချုပ် Pridiyathorn Devakula က ဂျပန် ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေး အရာရှိ ဟိရို့တို့အိဇုမိနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အပြီး  သတင်းထောက်တွေကို အခုလို ပြောတာပါ။

ဒါကြောင့် ဂျပန်နိုင်ငံဟာ ထားဝယ်စီမံကိန်းမှာ တတိယ အကြီးဆုံးရင်းနှီးမြှုပ်နှံမယ့်သူတွေ ဖြစ်လာမှာပါ။ 

အခုဆိုရင် ဂျပန်-ထိုင်း အလုပ်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီဆိုတာကို ဖွဲ့စည်းတော့မှာဖြစ်ပြီး လမ်းကြောင်းရှာဖွေရေး တိုင်းတာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံတွေ ပုံဖော်ရေးလုပ်ငန်းတွေ စတဲ့ လုပ်ငန်းတွေ ကိုပါ လုပ်ဆောင်သွားမှာလို့လည်း ဆိုပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကလည်း လာမယ့် ဖေဖော်ဝါရီလ ၈ ရက်၊ ၉ ရက် ကျရင် ဂျပန်နိုင်ငံကို သွားဖို့ ရှိပြီး ခရီးစဉ် အတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

 အရင်တုန်းကတော့ ထိုင်းနိုင်ငံ ကချနပူရီကို ဖြတ်ပြီး မြန်မာ- ထိုင်း ရထားလမ်းတခု တည်ဆောက်ဖို့ တကြိမ်ကြိုးစားခဲ့ဖူးပါတယ်။ 

ဒါပေမယ့် ၁၉၄၅ ခုနှစ် သြဂုတ်လတုန်းက အဲဒီ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရတာလို့ ဘန်ကောက်ပို့စ်က ဆိုပါ တယ်။ 

 ဂျပန်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီရထားလမ်းမှာ ပြေးဆွဲချင်တဲ့ ရထားတွေဟာ မြန်နှုန်းမြင့် ရထားတွေ 
ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အရင်ကတော့ ထားဝယ်စီမံကိန်းကိစ္စ မြန်မာနဲ့ ထိုင်း အာဏာပိုင်တွေအကြား ပြောဆိုမှုတွေ ရပ်တန့်နေ ခဲ့ပြီး စီမံကိန်းက ရပ်ဆိုင်းသလိုဖြစ်နေခဲ့တာပါ။ အခုတော့ ပြန်လည် ထိတွေ့ပြောဆိုနေကြပြီလို့လည်း သိရပါတယ်။ 


အိမ့်သံစဉ် ~ 



ကိုးကားသတင်း။  ။ Tokyo to help with east-west rail link 






 

1 comments :

  1. Anonymous said... :

    Quy Nhon is in Vietnam. Not in Cambodia.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved