လက်ထပ်တော့မယ်ဆိုတဲ့“ Crouching Tiger, Hidden Dragon” မင်းသမီး ဇန်ဇီယီ

Monday, February 9, 2015



မင်းသမီး ဇန်ဇီယီ (photo- wallpapers.brothersoft.com)

နာမည်ကျော် Crouching Tiger, Hidden Dragon ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသမီး ဇန်ဇီယီ(Zhang Ziyi) ဟာ ရော့ခ်အဆိုတော်တဦး နဲ့ လက်ထပ်တော့မယ်လို့ မနေ့က မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။


သူမချစ်သူ ရော့ခ်အဆိုတော် ၀မ့်ဖန်း(Wang Feng) က ဇန်ဇီယီရဲ့ ၃၆ နှစ်ပြည့် မွေးနေ့မှာ လက်ထပ် ခွင့်တောင်းခံတဲ့အနေနဲ့ ပေးပို့လာတဲ့ စိန်လက်စွပ်ကို လက်ခံခဲ့အပြီးမှာပြောဆိုလိုက်တာဖြစ်ပါတယ်။


photo -  hdw.ewdb4.com

မင်းသမီးဇန်ကတော့ အခုလို ချစ်သူ ၀မ့် က သူမကို လက်ထပ်ခွင့် တောင်းခံခဲ့ခြင်းကြောင့် တခြားသော အနုပညာရှင်တွေအပါအ၀င် များပြားလှသော ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေအကြားမှာ မျက်ရည်တောင်ဝဲခဲ့ရပါတယ်လို့ ဆိုပါတယ်။


ဒါအပြင် သူမရဲ့ အွန်လိုင်းလူမှုကွန်ရက်ကနေတဆင့် "လက်ခံပါတယ်"ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ ဖော်ပြခဲ့တာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကွန်းမန့်တွေကို ရရှိမယ်လို့ ယုံကြည်နေခဲ့ပါတယ်။

“Crouching Tiger, Hidden Dragon" နဲ့ "Memoirs of a Geisha" စတဲ့ ဇာတ်ကားတွေရဲ့ သရုပ်ဆောင် ဖြစ်တဲ့ ဇန်ရဲ့ ဖူးစာဖက် အသက် ၄၃နှစ်အရွယ်ရှိတဲ့ ၀မ့်ဖန်းဟာ နာမည်ကြီးဂီတပညာရှင် ရော့ခ်အဆိုတော်တဦးလည်းဖြစ်သလို၊ ဇန်ဇီယီနဲ့ မချစ်ကြိုက်ခင်မှာ အိမ်ထောင်နှစ်ဆက်ကျခဲ့ဖူးသူပါ။ သူ့ရဲ့ ဒုတိယအမျိုးသမီးနဲ့ကတော့ ၂၀၁၃ မှာ ကွာရှင်းခဲ့ပါတယ်။



ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/asia/469285/crouching-tiger-star-to-marry-rocker



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved