စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်ပြီ

Monday, March 23, 2015



ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု (photo - sg.news.yahoo.com)

စင်ကာပူ အထွေထွေ ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေတဲ့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယု အသက် ၉၁ နှစ်ဟာ ဒီကနေ့နံနက်မှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရသည်။ သူဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကတည်းက ဆေးရုံတက် ကုသမှု ခံယူနေရပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စလို့ စက်အကူအညီနဲ့ အသက်ရှူနေရကြောင်း၊ မတ် ၁၇ ရက်နေ့မှ စကာ ကျန်းမာရေး ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။ လီကွမ်ယုဟာ စင်ကာပူနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    One of the leaders from ASEAN countries passed away....who will be the next?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved