ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ သိစေရန်

Friday, March 27, 2015



အလုပ်သမား ပန်ရောင်ကတ် (ဓာတ်ပုံ - ငြိမ်းဇော်)


ချင်းမိုင်မြိုရှိ အလုပ်သမားရုံးမှာ ထိုင်းအလုပ်သမားရေးရာ တာဝန်ရှိသူတွေက မတ်လ ၂၆ရက်နေ့မှာ ပန်းရောင်အလုပ်သမားကတ်(ယာယီနေထိုင်ခွင့် နဲ့ အလုပ် လုပ်ကိုင်ခွင့်)  သက်တမ်းတိုးရေးနဲ့ ပါတ်သက်လို့ အစည်းအဝေး ပြုလုပ်ခဲ့တာပါ။

အဲ့ဒီ အစည်းအဝေးသည် ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမား ဦးရေ ၆ သိန်း ၄ သောင်းကျော်အတွက် အကျုံးဝင်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ အစည်းအဝေးမှာ ပန်းရောင်ကတ် တစ်နှစ်စာအတွက်  ဝန်ဆောင်ခကို သတ်မှတ်အတည်ပြုခဲ့လို့ပါ။

ပန်းရောင်ကတ် ကိုင်ဆောင်သူ မြန်မာအလုပ်သမားတစ်ဦးကို ပန်းရောင်ကတ် တစ်နှစ်စာ ၁၀၀၀ ဘတ်၊ ပုံစံ ၃၈/၁ နေထိုင်ခွင့် လက်မှတ်  ၆၀ ဘတ်၊ တစ်နှစ်စာ ကျန်မာရေး ဆေးစစ်ခ နဲ့ အာမခံကြေး ၂၁၀၀ ဘတ် စုစုပေါင်း ၃၁၆၀ ဘတ်ကို သက်ဆိုင်ရာ တထိုင်တည်းလုပ်ဆောင်ပေးနေတဲ့ အလုပ်သမားလက်မှတ် ထုတ်ပေးသည့် ရုံး၊ ဌာနတွေမှာ ပေးသွင်းရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် မိမိကို တာဝန်ယူမယ့် သူဌေးကြေးအတွက် သတ်မှတ် ပေးထားခြင်း မရှိပါဘူး။ ဒါဟာ ကိုယ့်သူဌေးနဲ့သာ ဆိုင်ပါတယ်။

၁၅ နှစ်အောက်ကလေး သူငယ်တွေရှိပါက ပုံစံ ၃၈/၁ နေထိုင်ခွင့် လက်မှတ်  ၆၀ ဘတ်၊ တစ်နှစ် ကျန်မာရေး ဆေးစစ်ခ နဲ့ အာမခံကြေး ၁၀၆၀ ဘတ် စုစုပေါင်း ၁၁၂၀ ဘတ်ကို မိဘနဲ့အတူ ပူးတွဲ ပေးသွင်းရပါမယ်။

သက်တမ်းတိုးကာလကို ဧပြီလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ နှစ်လ အချိန်ပေးထားပါတယ်။


ငြိမ်းဇော်

ဒီကိစ္စနဲ့ပတ်သက်လို့ အောက်က ဗီဒီယိုလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved