အမျိုးသမီးတွေရဲ့လုပ်ပိုင်ခွင့်၊ မတူ ကွဲပြားတဲ့ယဉ်ကျေးမှုနဲ့ တိုးတက်မှုတွေ ထင်ဟပ်စေမယ့် “Yangon Women’s Festival”

Thursday, March 5, 2015



ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့အနှံ့ တပတ်ကြာ ကျင်းပနေသော “Yangon Women’s Festival” မှာ ဂီတ၊ ပန်းချီ၊ ပြဇာတ် စတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အနုပညာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့  အမျိုးသမီး အနုပညာရှင်တွေရဲ့ တင်ဆက်မှုတွေကို ပြသသွားမှာပါ။

ပွဲတော်ကို Stork Agency နဲ့ Developing Music တို့က ဦးဆောင် စီစဉ်တာဖြစ်ပြီး ပွဲတော်ကာလအတွင်း တင်ဆက် မယ့် အနုပညာတင်ဆက်မှုတွေဟာ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ မတူ ကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်မှုတွေအကြောင်း ထင်ဟပ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။



ပွဲတော် ကာလအတွင်း ရန်ကုန်မြို့ရှိ Think Art Gallery နဲ့ Pansodan Scene Gallery တို့မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ ပန်းချီကားတွေ အနုပညာ လက်ရာတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေအပြင် အမျိုးသမီးတွေရဲ့ လူမှုဘဝတွေကို ထင်ဟပ်စေမယ့် ပန်းချီနဲ့ ဓါတ်ပုံတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ 





 ဒါ့ထက် Mojo ၊ Cocoon ၊ Agora Café & Bar ၊ Gekko နှင့် Union Bar & Grill တို့မှာလည်း ပြည်တွင်းနဲ့ နိုင်ငံတကာမှ အမျိုးသမီး အနုပညာရှင်များက ဖျော်ဖြေ တင်ဆက်သွားဦးမှာပါ။




ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာလည်း ပြဇာတ်နဲ့ ပါဖော့မန့်စ်တို့နဲ့အတူ Image of Woman အစီအစဉ်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် တင်ဆက်သွားပါဦးမယ်။

ပွဲတော် လက်ခံကျင်းပမယ့် နေရာတွေနဲ့ အချိန်ဇယား အသေးစိတ်ကို Yangon Women’s Festival ရဲ့ အောက်ပါဖေ့ဘွတ်စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/yangonwomensfestival


တင်ထက်ပိုင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved