ဒီနှစ် သင်္ကြန်တွင်း အဆိုတော်တွေရဲ့ ဖျော်ဖြေကြေး ဘယ်လောက်ပေါက်မလဲ

Wednesday, April 1, 2015


ရော့ခ်ကာဘုရင် ဇော်ဝင်းထွဋ်ရဲ့ ဖျော်ဖြေရေး(ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy)

မကြာခင် ရက်ပိုင်းအတွင်းမှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အခါသမယကိုရောက်ရှိလာတော့ပါမယ်။ ဒီလိုကာလကို ရောက်လာပြီဆိုရင် သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေကြမယ့် အနုပညာရှင်တွေအတွက်ကတော့ သာမာန်ပြည်သူ တွေထက် ပိုပျော်ရွှင်ရတဲ့ အချိန်ကာလဆိုရင် မှားမယ်မထင်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ သင်္ကြန် အကြို၊ အကျ၊၊ အကြတ်၊ အတက် ၄ ရက်တာအတွင်း မဏ္ဍပ်တွေမှာ ဖျော်ဖြေရေးလုပ်လို့ ရလာတဲ့ ၀င်ငွေဟာ တနှစ်လုံး ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရတယ်လို့တောင် တချို့တွေက ဆိုကြပါသေးတယ်။

ဒါကြောင့် သိန်းကို ရာနဲ့ ထောင်နဲ့ချီရကြတဲ့ သင်္ကြန် ၄ ရက်တာ ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုချင်ကြတဲ့ အနုပညာရှင် တွေက သာမာန်လူတွေထက်တောင် သင်္ကြန်ရောက်ဖို့ကို ပိုမျှော်လင့်ကြလိမ့်မယ်ထင်ပါရဲ့။

ကဲ ဒီနှစ် ၂၀၁၅ သင်္ကြန်မှာရော နာမည်ရ အနုပညာရှင်တွေရဲ့ ဖျော်ဖြေခနှုန်းထားတွေ မှန်းခြေ ဘယ်ကြေးလောက်အထိ ပေါက်နိုင်မလဲ။

“၄ ရက်အပြတ်ကို နာမည်ကြီး အဆိုတော်တွေအနေနဲ့ သိန်း ၂၀၀ ကနေ ၃၀၀ ကြားရှိတယ်။ အလယ်အလတ် တန်း အဆိုရှင်တွေကတော့ သိန်း ၅၀ နဲ့ ၁၀၀ ကြားရှိတာပါ။” လို့ Bo Bo Entertainment မှ ကိုဘိုစန်းက ဧရာဝတီကို ပြောပါတယ်။

ဒါ့အပြင် “ဒီနှစ်က ဒေါ်လာဈေးလည်း တက်တယ်ဆိုတော့ သူတို့လည်းတက်မှာပေါ့။” လို့ ပွဲစီစဉ်သူ တဦး ကလည်းဆိုပါတယ်။

ဒီရွေ့ဒီမျှ အဆမတန်ရလာတဲ့ တန်ကြေးတွေကြောင့်ပဲလားမသိ သီချင်းဆိုတတ်သူရော မဆိုတတ်သူရော ဘယ်လို လူမျိုးမဆို သင်္ကြန်မဏ္ဍပ်စင်ပေါ်မှာ တွေ့ရမှာပါ။

ကဲ ၂၀၁၅ တန်ဖိုးကြီး သင်္ကြန် ဖျော်ဖြေရေးအစီအစဉ်တွေကရော ဘယ်လောက်တောင် ထူးခြားလာလေဦး မလဲ။

1 comments :

  1. Anonymous said... :

    မတန်လိုက်တာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved