ကမ္ဘာ့အင်အားအကောင်းဆုံး ပတ်စပို့များ

Thursday, April 23, 2015



photo - CNN.com

သံတမန်ကောင်းမွန်တဲ့နိုင်ငံဖြစ်ကြောင်း ပြနိုင်တဲ့ အင်အားကြီးလက်နက်ကတော့ ပတ်စပို့ကိုင်ဆောင်ထားသူ များဟာ တခြားနိုင်ငံနယ်နိမိတ်ကို လွယ်လင့်တကူ သွားလာနိုင်ခြင်းပါပဲ။
ပတ်စပို့ ကိုင်ဆောင်ထားသူဟာ တခြားနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန်မလို ဒါမှမဟုတ် ရောက်ရှိတဲ့ နိုင်ငံလေယာဉ်ကွင်းမှာ ဗီဇာရယူနိုင်တဲ့အနေအထားကို မူတည်ပြီး နိုင်ငံတကာမှ ပတ်စပို့တွေကို သွားရောက်နိုင် တဲ့ နိုင်ငံအရေအတွက်နဲ့အတူ အောက်တွင် ဖော်ပြထားပါတယ်။

၁။ အမေရိကန်၊ အင်္ဂလန် (၁၄၇ နိုင်ငံ)
၂။ ပြင်သစ်၊ တောင်ကိုးရီးယား၊ ဂျာမနီ (၁၄၅ နိုင်ငံ)
၃။ ဆွီဒင်၊ အီတလီ (၁၄၄ နိုင်ငံ)
၎။ ဒိန်းမတ်၊ စင်ကာပူ၊ ဖင်လန်၊  ဂျပန်၊ လူဇင်ဘတ်၊ နယ်သာလန် (၁၄၃ နိုင်ငံ)
၅။ ဆွစ်ဇာလန် (၁၄၂ နိုင်ငံ) တို့ပါ။

နိုင်ငံအနည်းဆုံးသွားနိုင်တဲ့ စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကွန်ဂို၊ ယီမင်၊ အာဖရိကအလယ်ပိုင်း၊ ကိုဆိုဗို (၄၁ နိုင်ငံ)
၂။ အီကွေးတိုးရီးယယ် ဂီနီယာ၊ ဘူတန်၊ ကော်မိုရော့စ်၊ ဘူရန်ဒီ ( ၄၀ နိုင်ငံ)
၃။ ဆိုမားလီးယား၊ အီရီထရီယား ( ၃၉ နိုင်ငံ)
၎။ အာဖဂန် နစ္စတန်၊ ဂျဘူတီ၊ အီရတ်၊ နီပေါ (၃၈ နိုင်ငံ)
၅။ ဆူဒန် တောင်ပိုင်း၊ ဆိုလိုမွန်ကျွန်း၊ ပါလက်စတိုင်း နယ်မြေများ၊ ပရင်စပီ၊ မြန်မာ (၂၈ နိုင်ငံ)

အထက်ပါစာရင်းတွေဟာ ကမ္ဘာ့ကုလသမ္မဂ္ဂ အသင်းဝင် ၁၉၃ နိုင်ငံနဲ့ နယ်မြေ ၆ ခုမှ အပြည်ပြည်ဆိုင်ရာ လေကြောင်းအသင်းရဲ့ ဗီဇာအချက်အလက်ပေါ်မှာ မူတည် ဖော်ပြထားတာပါ။


နေနေ

ကိုးကားသတင်း။  ။ http://money.cnn.com/2015/04/17/news/worlds-most-powerful-passports/index.html?sr=fbmoney041715passports1030story

2 comments :

  1. မြန်မာပြည်ကနေ (၂၈)နိုင်ငံသွားနိုင်တယ်လို့သိရပါတယ်။ အဲ့ဒီသွားလို့ရတဲ့ (၂၈)နိုင်ငံကို ပြောပြပေးနိုင်မလားရှင့်။

  1. MA RA said... :

    မြန်မာနိုင်ငံသည်အင်အားကြီးမဟုတ်၊အဆင်းရဲဆုံးနိုင်ငံ၊နိုင်ငံရေးမတည်ငြိမ်၊အုပ်ချူပ်ရေးည့ဖျင်း၊အကျင့်ပျက်ချစားနေသောနိုင်ငံမှရွှေမြန်မာတွေကိုပြည်ဝင်ခွင့်ပေးရန်ငြင်းဆန်ခံရခြင်းမှာမဆန်းပါ၊မဆလခေတ်မှယနေ့၁/၂ဒီမိုခေတ်ထိရွှေမြန်မာတို့ppအနီနဲ့မျက်နှာငယ်ခဲ့ရပါသည်၊အပြင်ထွက်၍$ရှာပေးသူတိုင်းသိပါသည်၊ဒါကြောင့်၂၀၁၅ရွေးကောက်ပွဲမှသည်မြန်မာဟေ့လို့ဂုဏ်ယူနိုင်အောင်ပြုပေးနိုင်သော သူ(change)ကိုရှာကြပါလို့တိုက်တွန်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved