ချင်းမိုင်ရောက် မြန်မာတိုင်းရင်းသားတွေရဲ့ စုပေါင်းရဟန်းခံရှင်ပြုပွဲတော်

Tuesday, April 7, 2015



ဓာတ်ပုံများ - ငြိမ်းဇော် / The Irrawaddy

 ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာပြည်ဖွား တိုင်းရင်းသူ၊ တိုင်းရင်းသားတွေရဲ့ရိုးရာမပြတ် စုပေါင်း ရှင်ပြု၊ ရဟန်းခံ အလှူတော် မင်္ဂလာပွဲတော်ကို နှစ်စဉ် နှစ်တိုင်း သင်္ကြန်ကာလ နီးလာပြီဆိုရင် ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း အစဉ်အလာမပြတ် ကျင်းပခဲ့ကြပါတယ်။

အခုကျင်းပတာဟာ ဝပ်ဆိုင်းမွန်းကျောင်းတိုက်ကို မြန်မာတွေ ပြန်ရပြီးတဲ့နောက် တတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဧပြီလ ၄ ရက် နဲ့  ၅ ရက် နှစ်ရက်သာ ကျင်းပခဲ့တဲ့ ရှင်ပြု၊ ရဟန်းခံ မင်္ဂလာပွဲတော်မှာ ရဟန်းအပါး ၃၀၊ ရှင်သာမဏေ ၁၀ ပါး သာသနာ့ဘောင်ကို ဝင်ခဲ့ကြပါတယ်။



စုပေါင်း ရှင်ပြု၊ ရဟန်းခံ ဒီအလှူတော် မင်္ဂလာပွဲတော်ကို ဝပ်ဆိုင်းမွန်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကောဏ္ဍညက ရဟန်းအပါး ၃၀ ကို သရဏဂုံတင်ပေးခဲ့တာပါ။

ဧပြီ ၄ ရက် ပွဲတော် ပထမနေ့မှာ ရှင်ပြုအခမ်းအနားကို ချင်းမိုင်မြို့ တွင်းတလျှောက် စီတန်းလှည့်လည် ပူဇော်ခဲ့ကြပါတယ်။ တတိယအကြိမ်မြောက် မြန်မာအလုပ်သမားတွေရဲ့  စုပေါင်းရှင်ပြု၊ ရဟန်းခံ ပွဲတော်ကို ထိုင်းလူမျိုးတွေအပါအဝင် မြန်မာတိုင်ရင်းသားပေါင်းစုံ စုစုပါင်း ဦးရေ ရာနဲ့ချီ တက်ရောက် ဆင်နွဲခဲ့ကြတာ ဖြစ်ပါတယ်။


ငြိမ်းဇော်
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved