မြန်မာဆရာဝန်တဦး ဘာကြောင့် ထောင်ဒဏ် ၁၈ လ အပြစ်ပေးခံရသလဲ

Monday, April 20, 2015



ဒေါက်တာ အံ့ထွန်းမောင် (photo - www.chroniclelive.co.uk)


အင်္ဂလန်နိုင်ငံ ချက်စတာလီလမ်းနေ ဒေါက်တာ အံ့ထွန်းမောင်ဟာ ဆေးစစ်ရာမှာ အခွင့်အရေးယူတယ်လို့ သံသယရှိတဲ့အမှုတွင် အပြစ်ရှိတယ်လို့ မတ်လမှာ ဒါဟန်ကရောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အခုဖြစ်စဉ်ကတော့ ဇူလိုင် ၂၀၁၂ က ၁၉ နှစ်အရွယ် မိန်းကလေးကို ဆေးစစ်ရာမှာ ဖြစ်ပွားခဲ့တာပါ။

ဒေါက်တာ အံ့ထွန်းမောင်ဟာ တရားရင်ဆိုင်နေစဉ်အတွင်းမှာ အဲ့ဒီမိန်းကလေးအပေါ် အခွင့်အရေး မယူခဲ့ကြောင်းနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေသာ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

စစ်ဆေးမှုအတွင်းမှာလည်း မိန်းကလေးရဲ့ အပေါ်အတွင်းခံအကျီကို မဖြုတ်ခဲ့ကြောင်း အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အသက် ၃၇ နှစ်အရွယ် ဒေါက်တာ အံ့ထွန်းမောင်ဟာ ထောင်ဒဏ် ၁၈ လ အမိန့် ချမှတ်ခံခဲ့ရတာပါ။

ဒေါက်တာ အံ့ထွန်းမောင်ဟာ ဆရာဝန်လိုင်စင်သိမ်းယူတဲ့ အပြစ်ပေးမှု ပြုလုပ်နိုင်သော အင်္ဂလန်ဆေးကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုကိုလဲ ခံနေရပါတယ်။


နေနေ


ကိုးကားသတင်း။ ။ http://www.chroniclelive.co.uk/news/north-east-news/chester-le-street-doctor-jailed-groping-teens-9069125

2 comments :

  1. Anonymous said... :

    :(

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved