သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု-၁၉)

Friday, April 10, 2015



ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိတဲ့ အကြောင်း ဆက်ပြောပါဦးမယ်။ အခုတပတ်မှာတော့ စဉ်းစားစရာ အချက်လေးတွေကို ပျင်းပျင်းနဲ့စဉ်းစား အတွေးပွားဖို့ ဖော်ပြပေမယ်လို့ စိတ်ကူးထားပါတယ်။ ဘ၀အောင်မြင်မှု စကားလုံးတချို့အကြောင်းပေါ့။

အပြောင်းအလဲအဖြစ် တခါတလေ ဗမာလို မစဉ်းစားဘဲ အင်္ဂလိပ်လိုလေး စဉ်းစားကြည့်ကြမယ်လေ။ အပြောင်းအလဲ ရှိမှ Constant Zero ကိန်းသေက လွတ်မြောက်မယ် မဟုတ်လား။ အဲဒီ ကိန်းသေက ရပ်တည်ခြင်းလည်း မရှိ၊ ရွေ့လျားခြင်းလည်း မရှိ၊ တက်ခြင်း/ သက်ခြင်းလည်း မရှိတဲ့ ကိန်းသေမျိုးပေါ့။ လူ့ဘ၀နဲ့ ပြောရရင် အသက်ရှင်လျက် ၀ိဉာဉ်မဲ့နေတဲ့ လူပဲပေါ့။ Alive Death လို့ ပြောရင်ရမယ် ထင်ပါတယ်။ ဒီလိုလူမှာ ဘာတန်ဖိုးမှ မရှိသလို၊ တန်ဖိုး ရှိအောင်လည်း မလုပ်နိုင်တဲ့ သူပါ။ အောင်မြင်ရေး ဆိုတာမျိုးလည်း သူ့နဲ့ ဝေလာဝေး ပေါ့။

ဒီမှာ ကြည့်ပါဦး။ Success in life is not about Luck!It is about managed thoughts, focused attention and deliberate action ဆိုတဲ့ စကားလေးပါ။ အောင်မြင်မှု ဆိုတာ ကံကောင်းထောက်မပြီး ရတာတာမျိုး မဟုတ်ဘူးတဲ့။ အဲဒါဟာ အတွေးစိတ်ကူးကို ထိန်းသိမ်းနိုင်ခြင်း၊ စိတ်အာရုံကို ပိုင်းဖြတ်နိုင်ခြင်းနဲ့ လက်တွေ့နဲ့ ကိုက်ညှိ လုပ်ဆောင် နိုင်ခြင်းတွေလို့ ဆိုတယ်။

အောင်မြင်မှုဆိုတာ ကံကြမ္မာကြောင့် ရတာ မဟုတ်ဘူး ဆိုတာ သိမြင်ပြီး တနေ့မှာ ငါ သူဌေးကြီး ဖြစ်ရမယ် ဆိုပြီး ကိုယ့်စိတ်ကို ပြဋ္ဌာန်းတယ် ဆိုပါတော့။ အဲဒီ တနေ့ဆိုတာ ဘယ်နေ့လဲ၊ သူဌေးဖြစ်ချင်တဲ့ ပမာဏကရော ဘယ်လောက်လဲ ဆိုတာတွေက တိကျဖို့ လိုပါတယ်။ တနေ့ဆိုတာ အသက် ၉၀ လောက်ကျမှ သူဌေးဖြစ်ရင် သင် ဘာလုပ်မလဲ။ ဒါကြောင့် အတွေးစိတ်ကူးကို ကန့်သတ်ပါ၊ ထိန်းသိမ်းပါ၊ တနည်းပြောရရင် စိတ်ကူးယဉ်တာကို ထိန်းသိမ်းဖို့ပါ။ စိတ်ကူးယဉ်တာကို ရပ်ပစ်လိုက်ပြီး လက်တွေ့ ဖြစ်တည်နေတာနဲ့ ဆက်စပ်တဲ့ … အခု ငါ့ အသက်က ၂၀… နောက်ထပ် ၃ နှစ်အတွင်း ငါဟာ သိန်း ၅၀ ပိုင်တဲ့ သူဌေးဖြစ်ရမယ်။

ဒီတော့ ပထမ ၁ နှစ်မှာ ဘယ်လောက် ရရမယ်၊ ဒုတိယနှစ်မှာ ဘယ်လောက် ရရမယ်၊ တတိယ နှစ်မှာ ဘယ်လောက် စသဖြင့် ပိုင်းခြား ကန့်သတ်ရမှာ ဖြစ်တယ်။ အဲဒီလို ကန့်သတ်ပြီးနောက် လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ် တခုချင်းကို အသေးစိတ်တိတိကျကျ လုပ်ကိုင် သွားရင် သင် ရည်မှန်းတဲ့အတိုင်း သေချာပေါက် ရရှိ ပြည့်စုံမှာ ဖြစ်တယ်။

အဲဒီလို အကောင်အထည်ဖော် လုပ်ကိုင်ရာမှာလည်း အောက်မှာ ဖော်ပြတဲ့ အင်္ဂလိပ်လို အကြံပေးစကားကို လက်ကိုင်ပြုဖို့ လိုပါလိမ့်မယ်။

Be yourself,
Think positive,
Bring Love to the table
Keep an Open Mind
Have faith.

ဒီစကားလေးတွေကိုတော့ ဘာသာပြန် မပြတော့ပါဘူး။ ပျင်းပျင်းနဲ့ ဘာသာပြန်နည်းလည်း ကြည့်ပါ။

ဆက်လက် ဖော်ပြပေးပါဦးမယ်။

ပျင်းတဲ့
နိုင်စွမ်း



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved