ငါးများများစားပါ

Monday, May 25, 2015




အဆီဆိုတာ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် အဆီအက်ဆစ်တမျိုးဖြစ်တဲ့ Fatty Acid ကတော့ ကျန်းမာရေးကိုအကျိုးပြုပါတယ်။ ဒီ အက်ဆစ်ဓာတ်ဟာ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ အဆုတ်ရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ သွေးတွင်းအဆီကို လျှော့ချပေးခြင်း၊ အဆစ်အမြစ် နာကျင် ရောင်ရမ်းခြင်းကို သက်သာစေခြင်းတို့အပြင် သက်ကြီးသတိမေ့လျော့ရောဂါတွေဖြစ်တဲ့ Alzheimer နဲ့ Dementia တို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါသတဲ့။ အဲဒီလို အကျိုးများလှတဲ့ Omega 3 Fatty Acidကို ဖြည့်စွက်ဆေးဝါးတွေ သောက်ခြင်းနဲ့ အလွယ်တကူ ဖြည့်စွမ်းမှီဝဲနိုင်ပါတယ်။

ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ အဲဒီလို ဖြည့်စွက်ဆေးဝါးတွေ မှီဝဲတာထက်ပဲ သဘာဝအစားအသောက်တွေကို စားသုံးဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ Omega 3 Fatty Acidဟာ ပင်လယ်ငါးတချို့မှာ ပြည့်ဝစွာပါရှိပါတယ်။ ဒါကြောင့် အထက်ပါ ရောဂါ ပြဿနာတွေကို ကာကွယ်လိုရင် ငါးများများစားသင့်ပါတယ်။ ဒါကြောင့် ဆာဒင်းနဲ့ မက်ကရယ်လို ငါးသေတ္တာငါးတွေစားပါ၊ ဆယ်လ်မွန်ငါးစားပါ၊ တူနာငါးစားပါ၊ ပင်လယ်ငါးသလောက်စားပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved