ငါးနှစ်အရွယ် သားဖြစ်သူရဲ့ ဘောလုံးစွမ်းရည်ကို ကျေနပ်နေတဲ့ စီရော်နယ်ဒို

Monday, June 29, 2015


photo- mirror.com


ကမ္ဘာကျော် ဘောလုံး ကစားသမား ခရစ်စတီယာနို ရော်နယ်ဒိုဟာ သူရဲ့ သားနဲ့အတူ ဘဟားမားစ် ကမ်းခြေမှာ ဘောလုံးကစားခဲ့ကြတဲ့ပုံတွေဟာ သတင်းတွေမှာ ပြန့်နှံခဲ့ပါတယ်။


ဂျူနီယာ ခရစ်တီယာနိုရဲ့ ငါးနှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျင်းပခဲ့တာ ဖြစ်ပြီး တနှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမား အဖေဖြစ်သူနဲ့ အတူကစားရင်း သူ့ရဲ့စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်တာပါ။


 ဒီပုံတွေဟာ အဖေများနေ့မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ရီးရဲလ်ကြယ်ပွင့်ကစားသမား ရိုနယ်ဒိုဟာ သူ့သားငယ်ရဲ့ သဲသောင်ပြင်ပေါ်မှာ ပီလီကစ်(ဘိုင်စကယ်ကစ်)ပုံစံကို နှစ်သက်ဂုဏ်ယူနေပုံရပါတယ်။


အဖေဖြစ်သူ ရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကနေ လွန်ခဲ့တဲ့ ငါးနှစ်က ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၀ ဇွန် ၁၇ ရက်နေ့မှာ သားဖြစ်သူ ဂျူနီယာ ခရစ်တီယာနိုကို လျှို့ဝှက်တဲ့ အမျိုးသမီးက မွေးဖွားပေးခဲ့တာ ဖြစ်ပါ တယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved