WeChat App ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်

Monday, June 29, 2015




တရုတ်နိုင်ငံရဲ့လူသုံးများတဲ့ အကြီးဆုံး လူမှုကွန်ရက် Application တခုဖြစ်တဲ့ WeChat Messaging App  မြန်မာနိုင်ငံမှာ တရားဝင် စတင်မိတ်ဆက်တဲ့ ပွဲအခမ်းအနားကို အခုလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Sule-Shangrila Hotel မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။

WeChat App အသုံးပြုသူများအနေနဲ့ WeChat Account ကို မြန်မာနိုင်ငံ ဖုန်းနံပါတ်နဲ့ Register ပြုလုပ်ထားသူများ အတွက် WeChat မှာ Huawei နဲ့ ပူးပေါင်းပြီး ခဲခြစ်ကံစမ်းမဲ ကံစမ်းနိုင်ပြီ ဖြစ်ပါတယ်။

Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Huawei P8 အလုံး (၉၀) နဲ့ Huawei Bluetooth Speaker ၊ Huawei Sport Water Bottle နှင့် Huawei ထီး စတဲ့ ဆုလက်ဆောင်ပေါင်း  ငါးသောင်းကျော်ကို ကံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ကံစမ်းမဲကို ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ပြီး ကံစမ်းကာလ (၄၅) ရက်တိတိကြာမြင့်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဖုန်းနံပါတ်နဲ့ WeChat Account ဖွင့်ထားတဲ့ ဘယ်သူမဆို ဒီကံစမ်းမဲကို ကံစမ်းလို့ရပါတယ်။ ကံစမ်းဖို့အတွက် WeChat အကောင့်ထဲမှာရှိတဲ့ WeChat team ထဲကိုဝင်ပြီး “ဆုယူ” ဆိုတဲ့ Tab ကိုနှိပ်ကာ “Free P8” ဆိုတဲ့ Tab ကိုထပ်မံနှိပ်ပြီး မိမိရဲ့ စမတ်ဖုန်းအတွင်းမှာတင် ခဲခြစ်ကံစမ်းရမှာ ဖြစ်ပါတယ်။

Huawei P8 ကံထူးသူတွေကတော့ ဇွန်လကုန်ကနေ စတင်ပြီး ရန်ကုန်မြို့Huawei Showroom (မြေနီ   ကုန်း)၊ Huawei Showroom (သီတာလမ်း)၊ Huawei Branded Shop (၇၈၊ ၃၃x၃၄ကြား၊ မန္တလေး)၊ Huawei Branded Shop (ပျဉ်းမနား)၊ Huawei Branded Shop (ပြည်)၊ Cinderella Mobile (တောင်      ကြီး)၊ Kyaw Mobile (မော်လမြိုင်)၊ MK (မြစ်ကြီးနား)၊ Aitek Mobile (လားရှိုး) စတဲ့ ဆိုင်တွေမှာ ထုတ် ယူနိုင်မှာပဲ ဖြစ်ပါတယ်။

တခြားဆုမဲ ကံထူးသူတွေကတော့ လက်ဆောင်ဆုမဲတွေကို ထုတ်ယူနိုင်မယ့် ဆိုင်လိပ်စာတွေကို ပေါက်မဲ အောက်ရှိ (Huawei Store များကို ကြည့်ရန် ဤနေရာကိုနှိပ်ပါ) ဆိုတဲ့ နေရာမှာ ကြည့်ရှု ထုတ်ယူနိုင်တယ်လို့သိရပါတယ်။

Huawei ရဲ့ သတင်းများ၊ Promotion များကိုလည်း အချိန်နဲ့ တပြေးညီသိရှိလိုတယ်ဆိုရင်တော့ WeChat မှာ Huawei Device Myanmar Account ကို Search လုပ်ပြီး Follow လုပ်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအင်တာနက် အသုံးပြုသူများအကြားမှာတော့ Viber Messaging App ကို လူသုံးများပြီး အခု နောက်ပိုင်းမှာတော့ LINE, WeChat စတဲ့ App တွေပါ အသုံးပြုလာကြပြီး LINE မှာလည်း LINE အသုံးပြုသူတွေကိုဇွန်လ ၃၀ ရက်နေ့ အထိ Sumsung Galaxy Note 4 တနေ့တလုံး ဖောက်ပေးတဲ့ အစီအစဉ်ရှိ တယ်လို့သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved