လာဗန်ဒါရဲ့ အစွမ်း

Monday, June 8, 2015


photo - aduis.de

တနေ့တာအလုပ်ခွင်ရဲ့ စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ လာဗန်ဒါ (Lavender) ပန်းနံ့ကအလွန်အသုံးဝင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ရေချိုးကန်ထဲကို လာဗန်ဒါပန်းရဲ့ အဆီတစက်နှစ်စက် ထည့်ချိုးလိုက်တာ၊ အိမ်ခန်းထဲမှာလာဗန်ဒါ ပန်းလေးတွေ ထားအိပ်တာ၊ လာဗန်ဒါ ရေမွှေးနဲ့ သင်းထုံနေအောင် လုပ်ပြီး အိပ်တာဟာ တနေ့တာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ လာဗန်ဒါပန်းကို မြန်မာပြည်မှာ အလွယ်တကူ မတွေ့နိုင်ပေမယ့် လာဗန်ဒါအဆီနဲ့ ပြုလုပ်ထားတဲ့ ရေမွှေးတွေ၊ လာဗန်ဒါ Essential Oil ကိုတော့ အခုအချိန်မှာအလွယ်တကူဝယ်ယူရရှိနိုင်နေပြီ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved