အွန်လိုင်းကနေ ကားလက်မှတ်ဖြတ် ခရီးသွားလို့ရမယ့် BNF Express Bus Ticket System

Monday, June 8, 2015


BNF Express ရဲ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်း (ဓာတ်ပုံ - သီဟတိုး / The Irrawaddy)

မြန်မာတပြည်လုံးမှာရှိတဲ့ အဝေးပြေးကားလိုင်းတွေရဲ့ up-to-date သတင်းအချက်အလက်တွေ (အချိန်၊
 ဈေးနှုန်း) တွေကို Online Website ပေါ်မှာ တစုတစည်းတည်း ဖော်ပြထားပြီး ကားလက်မှတ်တွေကို အ
ချိန်တိုအတွင်း ဝယ်ယူနိုင်ဖို့ ဝယ်ယူသူရဲ့E-mail သို့မဟုတ် မိုဘိုင်းဖုန်းထဲသို့ SMS Message တိုက်ရိုက်
 ပေးပို့ပေးမယ့် BNF Express Bus Ticket System ကို မြန်မာနိုင်ငံမှာ စတင်လိုက်ပါပြီ။

ကားခတွေကို ဂိတ်ရင်းဈေးနှုန်းအတိုင်း ရောင်းချပေးမယ့် BNF Express က Payment (ငွေပေးချေမှု) အပိုင်းကို လွယ်ကူအောင် MPU (ATM) ကဒ်နဲ့ ငွေပေးချေစနစ်၊ ဘဏ်လွှဲငွေစနစ်၊ မိမိ Account ထဲ ကြိုတင်ငွေ (Deposit) နဲ့ Book Now Pay Later Payment စတဲ့ စနစ်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

“ကျနော်တို့ GMBF Group က မြန်မာလူငယ် Founder သုံးဦးနဲ့ လုပ်ခဲ့တာပါ။ အဓိကက ကျနော်တို့ BNF Express.com ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က မြန်မာတပြည်လုံးရဲ့ ကားဂိတ် up-to-date Information တွေကို မြန်မာနိုင်ငံသားတွေအတွက် တနေရာတည်းကနေ ရှာဖွေလို့ရအောင်ရယ်၊ နောက်တခုက Payment တွေကို လွယ်လွယ်ကူကူနဲ့ ပေးချေလို့ရအောင်ရယ် စတင်ပြုလုပ်ခဲ့တာပါ” လို့ GMBF Group ရဲ့ Co-founder တဦးဖြစ်သူ ကိုဖြိုးဇော်က ဧရာဝတီကို ပြောပါတယ်။



GMBF Group အနေနဲ့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေကို MyanmarBusTicket.com ဆိုပြီး Express ကားလက်မှတ်တွေ ၂၀၁၃ ခုနှစ် အစပိုင်းလောက်က စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး ပြည်ပက Whatanadventure Magazine, Trip Advisor နဲ့ Lonely Planet စတဲ့ Travel Forum တွေမှာ ချီးကျူး     ဖော်ပြထားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံကို အလည်လာတဲ့ ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်တွေကို အဓိက ရောင်းချပေးခဲ့တာတော့ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေးစတဲ့ နေရာတွေကို ကုမ္ပဏီစဖွင့်ချိန်ကတည်းကနေ ခုချိန်ထိ ရောင်းချ
ပေးလျက်ရှိတယ်လို့ ကိုဖြိုးဇော်က ဆက်ပြောပါတယ်။

အခု ထပ်မံမိတ်ဆက်လိုက်တဲ့ BNF Express Ticketing System က ပြည်သူတွေကြား ဘယ်လောက် အတိုင်းအတာထိ ပျံ့နှံ့သွားမလဲဆိုတာကိုတော့ ကိုဖြိုးဇော်က “ဒါကတော့ ကျနော်တို့ Customer တွေရဲ့ Feedback ကို ပြန်ကြည့်ပြီးမှ ပြောလို့ရမှာပါ။ ဒါပေမဲ့ ကျနော်တို့ ဒီအတိုင်း System ကြီးကို စပြီး သုံးမယ်ဆိုပြီး လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ သေချာ Research လုပ်တယ်။ နိုင်ငံခြားသားတွေကို ပေးနေကျအတိုင်း E-mail Ticket ပေးမလားဆိုပြီး လုပ်တယ်။ ဒီမှာက လူတိုင်း E-mail မရှိဘူး။ အင်တာနက်ဖွင့်မှ ဆိုတော့ ကျနော်တို့ SMS Ticket ပေးမလား ဆိုပြီး ပြောင်းပေးတယ်။ အဲဒီလောက်ထိ ကျနော်တို့ လုပ်ထားပေးတယ်ဆိုတော့ အကုန်လုံးအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

BNF Express မှ ချိတ်ဆက်ထားတဲ့ ယာဉ်လိုင်းတွေက Express ယာဉ်လိုင်း ပေါင်းစုံဖြစ်ပြီး JJ Express, Boss၊ စေတမန်၊ လုမ္ဗနီ၊ မန္တလာမင်း၊ ရွှေမန္တလာ စတဲ့ ယာဉ်လိုင်းတွေနဲ့ ချောင်းသာ ကမ်းခြေဘက်သွားတဲ့ Asia Dragon, Golden Star၊ ပုဂံဘက်သွားတဲ့ ပုဂံမင်းသား အစရှိတဲ့ Express ယာဉ်လိုင်းတွေ အကုန်ပါ ဝင်တယ်လို့ သိရပါတယ်။

အင်တာနက် အသုံးမပြုတဲ့သူတွေအတွက် BNF Express ရဲ့ Hot Line ဖုန်းနံပါတ် (09-254898255) ကို ဆက်သွယ်ပြီး အချက်အလက်တွေကို ၂၄ နာရီ စုံစမ်းမေးမြန်းနိုင်ပြီး ဒီ ဝန်ဆောင်မှုက ခရီးသည်တွေ   အတွက် အခမဲ့ ဝန်ဆောင်မှုဖြစ်ပြီး အကျိုးအမြတ်ကိုတော့ Express ယာဉ်လိုင်းတွေဆီက ရယူတယ်လို့ သိရပါတယ်။

“ကျနော်တို့ရဲ့ BNF Express Bus Ticket System ကို သုံးခြင်းအားဖြင့် နံပါတ်တစ်က ဖုန်းနဲ့ အချိန်တွေ   မေးတဲ့အတွက် Human Mistake ဖြစ်နိုင်တယ်။ ကျနော်တို့က System ဖြစ်တဲ့အတွက် up-to-date Information တွေ၊ အချိန်တွေ၊ ဈေးနှုန်းတွေက System ပေါ်မှာဆိုတော့ မှားဖို့ ရာခိုင်နှုန်း နည်းသွားမယ်။  ပြီးတော့ လက်မှတ်ဝယ်တဲ့အခါလည်း ဟိုဟိုဒီဒီ သွားစရာမလိုဘဲ Traffic ရှောင်လို့ရတာပေါ့” လို့         ကိုဖြိုးဇော် က ဧရာဝတီကို ပြောပါတယ်။

သူကဆက်ပြီး “ကျနော်တို့ အဓိကပြောချင်တာက ဒီ Sysrtem ကို လုပ်ခဲ့ရတာ မလွယ်ကူပါဘူး။ အင်တာနက် ကော်နက်ရှင်တွေရယ်၊ ဘတ်စ်ကားလိုင်းတွေကို Training ပေးခဲ့ရတာတွေရယ် အခက်အခဲတွေ အများ ကြီးပါ။ ကျနော်တို့ ကြိုးစားထားတာ အများကြီးပါ။ အဲဒီတော့ သုံးကြည့်ပါ၊ အဆင်မပြေတဲ့ အပိုင်းတွေကို ပြန်ပြောပြမှ ကျနော်တို့ ပြင်ဆင်ပြီး ကြိုးစားလို့ရမှာပါ” လို့ ပြောပါတယ်။

BNF Express ဟာ  မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ပြီး UK နိုင်ငံမှ ဘွဲ့ရရှိထားတဲ့ International Travel & Tours အတွေ့အကြုံရှိတဲ့ မြန်မာလူငယ် (၃)ဦး ကိုဖြိုးဇော်၊ ကိုသက်ဟိန်းနဲ့ ကိုရဲကျော်တို့ စတင်တည်        ထောင်ထားတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။


သီဟတိုး 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved