iOS အသုံးပြုသူများအတွက် Kaymu.com.mm APP

Friday, June 19, 2015




မြန်မာနိုင်ငံရဲ့ အွန်လိုင်းဦးဆောင်ဈေးကွက်တခုဖြစ်တဲ့ Kaymu.com.mm ဟာ မိုဘိုင်း ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ iOS အသုံးပြုသူများအတွက် မိုဘိုင်း App ကို အခမဲ့ ဖြန့်ချိပေးလိုက်တဲ့ မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။

အဲဒီမိတ်ဆက်ပွဲကိုဇွန် ၁၁ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာရှိတဲ့ စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မိုဘိုင်း App ရှိခြင်းအားဖြင့် အွန်လိုင်းရှော့ပင်း အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူအဆင်ပြေစေပြီး အခု Kaymu iOS App မှာ ကုန်ပစ္စည်းတွေရွေးချယ်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း၊ ရောင်းချသူနဲ့ ဝယ်ယူသူတို့က မိမိကိုယ်ပိုင် Account ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း စတာတွေကိုပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

"အခုမိတ်ဆက်လိုက်တဲ့ iOS မိုဘိုင်း App ကြောင့် အခုဆို iOS သုံးစွဲသူတွေဟာ ကျနော်တို့ Kaymu မှာ ပိုမိုလွယ်ကူစွာနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒေတာကုန်ကျမှု အသက်သာဆုံးနဲ့ Quality မြင့်မားကောင်းမွန်တဲ့ မိုဘိုင်း App ကို သုံးစွဲသူတွေဆီ အရောက်ပို့လိုက်ပါပြီ။ အခုဆို ကျနော်တို့က iOS၊ Android နဲ့ Blackberry App တွေကို အခမဲ့ ထုတ်လုပ်နိုင်ခဲ့ပါပြီ။ အခု ထုတ်လုပ်ဖြန့်ချိထားတဲ့မိုဘိုင်း App အကုန်လုံးကို မြန်မာဘာသာနဲ့ သုံးစွဲနိုင်အောင် ပြုလုပ်ထားပါတယ်" လို့ Kaymu Myanmar ရဲ့ Country Manager ဖြစ်သူ Max Langer က စာနယ်ဇင်းတွေကို ပြောပါတယ်။

Kaymu အနေနဲ့မြန်မာနိုင်င်ငံကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ဝင်ရောက်ခဲ့ပြီး Desktop Version နဲ့ Mobile Version နှစ်မျိုး အသုံးပြုနိုင်တဲ့ အထက်ပါ အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်Android မိုဘိုင်း App ကို ယခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က အခမဲ့ ထုတ်လုပ်ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၆၀ ကျော်ရဲ့အွန်လိုင်းဈေးကွက်မှာ ဦးဆောင်လျက်ရှိတဲ့၊ ကုမ္ပဏီ (၁၀၀) ကျော်ကို အခြေပြုစွန့်ဦးတည်ထောင်ပေးခဲ့တဲ့ Kaymu ဟာ ဘာလင်မြို့မှာ ဌာနချုပ်တည်ရှိပြီး ကမ္ဘာ့တိုက်ကြီး ၅ ခု ရှိ နိုင်ငံ အသီးသီးမှာ ရုံးခန်းပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved