“အိမ်မက်တွေ တကယ်ဖြစ်လာပြီ” ဆိုတဲ့ ဗီယက်နမ်မော်ဒယ် Truong Tri Truc Diem

Saturday, June 20, 2015




Trương Tri Trúc Diễm သည် ၁၉၈၇ခုနှစ် ဗီယမ်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မွေးဖွားခဲ့ပြီး စူပါမော်ဒယ်၊ အမျိုး သမီး သရုပ်ဆောင်၊ ၂၀၁၀တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ချစ်ကြည်ရေး သံတမန်အဖြစ် လုပ်ဆောင်ခဲ့ပြီး ဗီယမ်နမ်နိုင်ငံ၂၀၀၅ခုနှစ် ဓာတ်ပုံအစားဆုံးအလှမယ်ပြိုင်ပွဲ၏ ပထမဆုရှင် လည်းဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံ PSB Academy မှဘွဲ့ရရှိခဲ့သည်။ ၂၀၀၆ခုနှစ်၏ အသက် အငယ်ဆုံးနှင့် အအောင်မြင်ဆုံး မော်ဒယ်အဖြစ် ရွေးချယ်ခံရသောအခါ နာမည်ရလာခဲ့ပြီး နိုင်ငံတကာမှ နာမည်ကြီး ကုန်ပစ္စည်းများအပြင် ဗီယမ်နမ်နှင့် အာရှတို့မှ ထုတ်ကုန်များ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့သည်။ Trúc Diễmသည် ဗီယမ်နမ်၊ အင်္ဂလိပ်၊ ကိုရီးယား ဘာသာစကားများကို ပြောဆိုနိုင်ပြီး တရုတ်စကားကို လေ့လာနေဆဲဖြစ်သည်။ ၂၀၀၇ခုနှစ်တွင် Miss Earth ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  Miss Fashion ဆုကိုဆွတ်ခူးနိုင်ခဲ့သည့်အပြင် Global beauties ၏ ကမ္ဘာပေါ်ရှိ အလှဆုံးအမျိုးသမီး အယောက်၅၀ စာရင်းတွင် လည်းပါဝင်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင်ကျင်းပသည့် ၂၀၁၁ခုနှစ် Miss International ပြိုင်ပွဲတွင် semi-finalist၏ ထိပ်ဆုံး၁၅ယောက်စာရင်းတွင်ပါဝင်ခဲ့သည်။

သူ၏အလှသည် တဖြည်းဖြည်းကျော်ကြားလာသောအခါ  ၂၀၁၀ခုနှစ်တွင် Galaxy ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သော Snow White Diary ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရပြီး သူ၏ပထမဆုံးဇာတ်ကားဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်သည် မကျော်ကြားခဲ့သော်လည်း Diem၏ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုခံခဲ့ရသည်။ ထို့ကြောင့်သရုပ်ဆောင် တယောက်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်သည်များကို ကြိုးစားသင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ဗီယက်နမ် အစိုးရပိုင် ရုပ်ရှင် ထုတ်လုပ်ရေး ဖြစ်သော phim truyen 1 မှထုတ်လုပ်သည့် Passion ဇာတ်ကားတွင် ခေါင်းဆောင် မင်းသမီး အဖြစ် ပြန်လည် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Passion ဇာတ်ကားကို ဗီယမ်နမ် နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ Gloden Lotus ရုပ်ရှင်ပွဲတော်နှင့် မလေးရှား နိုင်ငံ တွင် ပြုလုပ်သည့် အာဆီယံရုပ်ရှင်ပွဲတော် ( AIFFA)တို့တွင် ပြသခဲ့ပါသည်။ Passion ဇာတ်ကားဖြင့် နာမည်ကြီးခဲ့ပြီးနောက် ၂၀၁၃ခုနှစ်တွင် ဒါရိုက်တာ Ham Tranရိုက်ကူးသည့် Role Ha My in How to fight in six-inch heels ဇာတ်ကားတွင်လည်း သူ၏သရုပ်ဆောင်စွမ်းရည်များကို တွေ့မြင်နိုင်ပါသည်။ ထိုဇာတ်ကား သည် ဗီယမ်နမ်နိုင်ငံတွင်သာမက သြစတြေးလျနှင့် အမေရိကန်တို့တွင်လည်း နာမည်ကြီး လူကြိုက်များလာကာ အောင်မြင်ခဲ့သည်။ ၂၀၁၃ခုနှစ်အတွင်း Vietnam actress at Cannes film festival ၏ ကိုယ်စားပြုရန် ရွေးချယ်ခံခဲ့ရပြီး “အိမ်မက်တွေတကယ်ဖြစ်လာပြီ”ဟု Diem ပြောခဲ့သည်။


ကိုးကားသတင်းလင့်ခ်။  ။ https://en.wikipedia.org/wiki/Truong_Tri_Truc_Diem

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved