စစ်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်ဆီး

Monday, July 27, 2015


လေဆင်းနှာမောင်းကြောင့် ပျက်ဆီးသွားတဲ့အခြေအနေများ (ဓာတ်ပုံများ - မင်းအောင်ခိုင်/The Irrawaddy)

စစ်တွေမြို့ မင်းဂံရပ်ကွက် အမှတ် ၁၃ -၁၄ ရပ်ကွက်တွင် ဇူလိုင်လ ၂၆ ရက် ညနေ ၅း ၃၀အချိန်ခန့်က လေဆင်နှာမောင်း  ရုတ်တရက် ၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းနဲ့ လူနေအိမ် ၁၉ လုံး ပျက်စီးသွားခဲ့ကြောင်း မင်းဂံရပ်ကွက်သားများက ပြောပါတယ်။

“လေယဉ်ပျံ ကျလာတဲ့ အသံလိုမျိုးကြားရတယ်။ ဘာအသံလဲဆိုပြီးပြောနေတုန်းပဲ ရှိသေးတယ် ။ ၀ုန်း ဆိုတာနဲ့ ကျွန်တော်တို့ အိမ်ခေါင်းမိုး မရှိတော့ဘူး ” လို့ အမှတ် ၁၃ ရပ်ကွက်မှ နေအိမ် ပျက်စီးသွားခဲ့ရသူ   ကိုကျော်ဆန်းက ဧရာဝတီကို ပြောပါတယ်။

အဲ့ဒီ မင်းဂံရပ်ကွက် အမှတ် ၁၃ - ၁၄ ရပ်ကွက်တွင် အမက ကျောင်းဆောင် ( သစ် ) ၌ ခေါင်းမိုးများပွင့်ကာ ကျောင်းဆောင်အဟောင်း အဆောက်အဦးမှာလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် အနီးမှ              ကြက်မွေးမြူရေးခြံမှာလည်း  ကြက်ကောင်ရေ  သုံးထောင်ခန့် ဆုံးရှုံးသွားခဲ့ရကြောင်း သိရပါတယ်။


"ရထားလာသလိုလို အသံကြားတယ်။ အပြင်ကိုထွက်ကြည့်ချိန် မရလိုက်ဘူး ။ တစ်ခြံလုံး ပြိုကျသွားတော့
ကြက်တွေလည်း အထဲမှာ သွားတာပေါ့  ” လို့ ကြက်ခြံပိုင်ရှင် ဦးမောင်သိန်းဝေက ဆိုပါတယ်။

 လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အပျက်အစီးစာရင်းများကို ပေးပို့ထားသော်လည်း လက်ရှိအချိန်မှာ လာရောက်အကူညီပေးသော အဖွဲ့အစည်းများ မရှိသေးကြောင်း ၄င်းရပ်ကွက်နေ ဒေသခံများက ဆိုပါတယ်။


“ခေါင်းမိုးတွေ မရှိတဲ့ အိမ်သားတွေအတွက် အပေါ်က မိုးဖို့ မိုးကာ ပိတ်စတွေ လိုအပ်တယ်။ သူတို့အခု နေစရာ မရှိကြတော့ဘူး ။ မိုးကလည်း သဲတုန်းဆိုတော့ ဒုက္ခဖြစ်ရတာပေါ့ ” လို့ ၁၃ ရပ်ကွက်မှ ရာအိမ်မှူး ဦးကျော်သန်းက ပြောပါတယ်။


မင်းအောင်ခိုင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved