ခရီးသွားတွေနဲ့ ပြည့်နေတဲ့ ကျောက်နံရံဘေးက မှန်လူသွားစင်္ကြန်

Monday, July 13, 2015


Photo -Mou Yu

နိုင်ငံခြားသားခရီးသွားတွေ အလွန်စိတ်ဝင်စားသော Baishishan ဆိုတဲ့ မှန်လူသွားစင်္ကြန်ဟာ တရုတ်ပြည် မြောက်ပိုင်း Hebei ခရိုင် Laiyuan မှာတည်ရှိပါတယ်။

Photo -Mou Yu

အဲ့ဒီ မှန်လူသွားစင်္ကြန်ဟာ ချောက်ကမ်းပါးပေါ်က ကျောက်တောင်နံရံဘေးမှာ ကပ်လျှက် တည်ဆောက်ထားပြီး အဲ့ဒီပေါ်ကနေ တောတောင် သဘာဝရှုခင်းတွေကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားနိုင်တာပါ။ ဒီနေရာကို ဇူလိုင်လ ၁၂ ရက်နေ့က လာရောက်လေ့လာသူ ခရီးသွားအများအပြားနဲ့ ပြည့်နှက်နေတာကို ပုံမှာ
 မြင်တွေ့ရပါတယ်။

Photo- skyscanner.com

Baishishan ဆိုတဲ့ မှန်လူသွားစင်္ကြန်ရဲ့ အရှည်ဟာ ၉၅ မီတာ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၉၀၀ မီတာမှာ ရှိတဲ့ ကျောက်တောင်နံရံမှာ တည်ဆောက်ထားတာပါ။

Photo - edtguide.com


Ref: People's Daily,China

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved