ကိုလူချော ရောင်းတဲ့ ကုန်စုံဆိုင်

Thursday, July 9, 2015



photo - shanghaiist.com

ယောကျာ်းပီသတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို ရောင်းချနေသူ အလုပ်သမားတယောက်ရဲ့ ကုန်ပစ္စည်းများကို လာရောက်အားပေးဝယ်ယူသူအများစုကတော့ အမျိုးသမီးများဆိုရင် မမှားပါဘူး။ အဲ့ဒီလူငယ်ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို တိုင်ပေမြို့ရဲ့ Beitou ဆိုတဲ့ ခရိုင်ရှိ Qiangjiang ဆိုသော လမ်းမကြီးပေါ်က သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တခုမှာ မကြာသေးမီကမှ  ရိုက်ကူးခဲ့ကြခြင်းပါ။

အသက် ၂၀ အရွယ် အရပ်အမောင်း ၁၈၅ စင်တီမီတာ ရှည်လျားတဲ့ ၀မ်ဂျန်ဟောင် ဆိုသော အဲ့ဒီလူငယ်ဟာ Taiwanese ဆိုတဲ့ အေဂျင်စီတခုမှာ အချိန်ပိုင်းမော်ဒယ်တယောက်အနေနဲ့ လုပ်ဆောင်ဖို့အတွက်    ကမ်းလှမ်းခံခဲ့ရသူလည်းဖြစ်ပါတယ်။



“သူ့ရဲ့ အပေါ်ပိုင်းအကျီမပါတဲ့အနေအထားကိုတွေ့ရတဲ့နေ့တွေမှာ သူ့ဆီက ဈေးဝယ်ချင်စိတ်ဖြစ်မိပါတယ်” လို့ ဈေးဝယ်လာသူ အမျိုးသမီးတဦးကဆိုပါတယ်။

နှစ်ဝက်နီးပါး ဈေးဆိုင်မှာအလုပ်လုပ်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ စစ်တပ်ထဲဝင်ကာ စစ်မှုထမ်းဖို့ အစီအစဉ်ရှိတယ်လို့လည်း ၀မ် က သတင်းထောက်တွေကိုပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ဈေးရောင်းတဲ့အခါမှာ
သက်တောင့်သက်သာ ရှိစေဖို့ အကျီအ၀တ်အစားတွေကို တခါတရံမှာချွတ်ပြီး အလုပ်လုပ်ခဲ့တာကို တချို့သော အမျိုးသမီးကြီးတွေက သူ့အား ကုန်ပစ္စည်းတွေကို ရွေးချယ်ခိုင်းတာတို့ကို တမင်တကာ ရည်ရွယ်  ချက်ရှိရှိနဲ့  ရင်းနှီးကျွမ်းဝင်လာအောင် ဖန်တီးတာမျိုးတွေနဲ့လည်း တွေ့ကြုံခဲ့ရဖူးတယ်လို့ ၀မ် က ၀န်ခံပြောဆိုပါတယ်။

ဝမ် ဟာ တပတ်ကို လေးရက် ကုန်စုံဆိုင်မှာ အလုပ်လုပ်ကာ ကျန်တဲ့အချိန်တွေမှာတော့ အချိန်ပိုင်းအနေနဲ့ Cat Walk လျှောက်နည်းကို သင်ယူနေတာပါ။


အဆိုပါ ဈေးဆိုင်ပိုင်ရှင် ချန်း ဆိုတဲ့ အမျိုးသမီးရဲ့ အပြောအရ ၀မ် ဟာ သူ့မရဲ့သားနဲ့ မူလတန်းကျောင်းမှာ ကတည်းက အတန်းဖော်တွေပါတဲ့။ သူမရဲ့ စတိုးဆိုင်မှာ အလုပ်သမား မလုံမလောက် ဖြစ်နေခဲ့ကတည်းက ၀မ် ဟာ သူ့ရဲ့ အရည်အချင်းနဲ့ အကူအညီပေးခဲ့တာ ဖြစ်ပြီး၊ ဈေးဝယ်သူများကိုလည်း ၀န်ဆောင်မှု ပေးခဲ့တာလို့ ဆိုပါတယ်။

သူမဆိုင်ဟာ အရင်ကတည်းက ရောင်းကောင်းပြီးသားဖြစ်တဲ့အတွက်ကြောင့် ၀မ် အနေနဲ့ သူ့မဆိုင်ကို စ   ပြီး အကူအညီပေးခြင်းက သူ့ဆိုင်ရဲ့ ဈေးရောင်းဈေးဝယ်ဟာ သိသိသာသာ တိုးတက်လာစေတယ်လို့ သူ့  အနေနဲ့ သတိမပြုမိပါဘူးလို့ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုပါတယ်။



ကိုးကားသတင်း။  http://shanghaiist.com/2015/07/08/another_fruit_seller_hunk_in_taiwan.php

1 comments :

  1. Anonymous said... :

    ရေးထားတဲ့ပုံစံကမိန်းမတွေကဘဲနှာဘူးထပီးလာဝယ်သလိုလို။ ကျရာအလုပ်ကိုလုပ်ရင်းကိုယ့်ဒူး ကိုယ်ချွှန်နေတဲ့လေးစားစရာလူငယ်ဆိုတဲ့ပုံစံကိုပျောက်အောင်ရေးပြီးလူပြိန်းအကြိုက်ဟာကို ဇောင်းပေးရေးသားတယ်။ ရှက်လည်းမရှက်ပါလား ဧရာဝတီရယ်...ကြာလေဖတ်ရတာစိတ်ပျက်လာလေလေပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved