အလှူအတန်းတွေနဲ့ သရုပ်ဆောင် မိုးယုစံရဲ့ အသက် ၂၄ နှစ်ပြည့်မွေးနေ့

Monday, July 13, 2015


သွေးလှူနေတဲ့ သရုပ်ဆောင် မိုးယုစံ (ဓာတ်ပုံ - မိုးယုစံ ဖေ့ဘုတ်)

သရုပ်ဆောင်မိုးယုစံရဲ့ အသက်၂၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ We Love Moe Yu San အဖွဲ့ဝင် များနဲ့အတူ ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူုဌာနမှာ သွေးလှူဒါန်းခြင်းနဲ့ မှော်ဘီမြို့ အောင်ဇမ္ဗူတောရ ဘုန်းကြီးကျောင်းမှာ အလှူငွေ ငါးသိန်း လှူဒါန်းခြင်းကို ဇူလိုင် ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မိုးယုစံနဲ့အတူ We Love Moe Yu San အဖွဲ့ဝင်များ သွေးလှူဒါန်းခြင်းဟာ သုံးကြိမ်မြောက်ရှိပြီလို့လည်း သိရပါ တယ်။

ဓာတ်ပုံ - မိုးယုစံ ဖေ့ဘုတ်

“အလှူအတန်းပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ သရုပ်ဆောင်မိုးယုစံကို  အောင်ဇမ္ဗူတောရ ဘုန်းကြီးကျောင်းမှာ ပရိသတ်များနဲ့ အမှတ်တရ ဓာတ်ပုံ အတူတူရိုက်နေတဲ့ သရုပ်ဆောင်မိုးယုစံကို ဧရာဝတီက မေးမြန်းဖြစ်တဲ့အခါ “ဒါကမိုးယုရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းဖြစ်တယ်၊ နောက် လယ်တီစံသာသနာ့ရိပ်သာမှာလည်း အလှူငွေ ၂၆ သိန်းလှူခဲ့တယ်။ အခု ဒီမှာအလှူငွေလှူဒါန်းဖြစ်တာက ဒီက ဘုန်းဘုန်းရဲ့ဝေယျာဝစ္စအတွက် အလှူငွေလှူဒါန်းဖြစ်တာပါ။ နောက်ပြီး မိုးယုရဲ့ We Love Moe Yu San အဖွဲ့တွေအတွက်က မိုးယု တခါက ဆွဲထားတဲ့ ပန်းချီကားလေး နှစ်ချပ်ကို မဲဖောက်ပေးခဲ့တယ်” လို့ ပြောပြခဲ့ပါတယ်။

ဓာတ်ပုံ - မိုးယုစံ ဖေ့ဘုတ်

အလှူငွေ လှူဒါန်းအပြီးမှာလည်း မှော်ဘီ ဘုန်းကြီးကျောင်းအတွင်းက မိုးယုစံရဲ့ များပြားလှတဲ့ ပရိသတ်များကိုလည်း မငြီးမငြူတယောက်မကျန် ဓာတ်ပုံတွဲရိုက်ပေးခဲ့တာကို တွေ့ရပါတယ်။

ပရိတ်သတ်တွေနဲ့အတူ သရုပ်ဆောင် မိုးယုစံ (ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy)


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved