Vietjet လေကြောင်းလိုင်းမှ ပြည်တွင်း နှင့် နိုင်ငံတကာခရီးစဉ်တွေအတွက် အရည်အချင်းပြည့်ဝပြီး ခရီး သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မယ့် လေယာဉ်မောင်မယ်သစ်တွေကို ခေါ်ယူလျက်ရှိပါ တယ်။
ရွေးချယ်ခံရသူတွေက ဗီယက်နမ်နိုင်ငံနဲ့တခြားနိုင်ငံတွေမှာ သင်တန်းများတက်ရောက် သင်ကြားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေအတွက် သတ်မှတ်ချက်တွေအနေနဲ့က အသက်(၂၀) မှ (၃၀) အတွင်း အရပ်-အမျိုးသား (၁.၇) မီတာ မှ (၁.၈) မီတာ ၊ အမျိုသမီး (၁.၆) မီတာမှ (၁.၇၅) မီတာ နဲ့ လုပ်ငန်းအတွေ့အကြုံရှိသူကို (၁.၅၈) မီတာအထိ လက်ခံစဉ်းစားမှာလို့ သိရပါတယ်။
ပညာအရည်အချင်း အနေနဲ့ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ၊ အင်္ဂလိပ်စာစွမ်းရည် TOECI အ မှတ် (၄၀၀) အထက် ရရှိထားတဲ့ အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) အခြားသင့်တော်တဲ့ အသိမှတ်ပြုလက်မှတ် ရှိရပါမယ်။
အခြားလိုအပ်တဲ့အရည်အချင်းတွေကတော့ တက်ကြွပြီး အများနဲ့ပြောဆို ဆက်ဆံရာမှာပြေပြစ်သူ၊ လုပ်ငန်းခွင်အသစ်မှာ လိုက်လျောညီထွေ လုပ်ကိုင်နိုင်ပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်သူ ဖြစ်ရပါမယ်လို့ သိရပါတယ်။
လျှောက်လွှာများကို farecruitement@vietjetair.com သို့ ပေးပို့ ရမှာဖြစ်ပြီး လျှောက်လွှာများအား Vietjet ရုံးခန်းကိုလည်း ပေးပို့နိုင်သလို ဗီယက်နမ်နိုင်ငံတွင် အင်တာဗျူးဖြေဆိုသည့်အခါတွင်လည်း လျှောက်လွှာများ ပြန်လည် ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လူတွေ့မေးမြန်းခြင်းကို စက်တင်ဘာလ (၈) ရက် နံနက် (၈) နာရီခွဲတွင် ဟနွိုင်းမြို့ရှိ Sofitel Plaza ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလ (၁) ရက် နံနက် (၈) နာရီတွင် ဟိုချီမင်းမြို့၊ 60A Truong Son လမ်း CT Plaza Building၊ (၉) လွှာရှိ Vietjet လေ့ကျင့်ရေးစင်တာမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Vietjet လေကြောင်းလိုင်းရဲ့ ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကို အောက်တိုဘာလ (၂) ရက်နေ့မှာ စတင်ပျံသန်းမှာဖြစ်ပြီး အဲဒီခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့များမှာ အသွားအပြန်ခရီးစဉ်များ ပျံသန်းပြေးဆွဲ သွားမယ်လို့ သိရပါတယ်။
Vietjet လေကြောင်းလိုင်းဟာ လက်ရှိမှာ A320 နဲ့ A321 အပါအ၀င် လေယာဉ် (၂၆) စီးဖြင့် နေ့စဉ်အကြိမ်ရေ (၁၅၀) ပျံသန်း ပြေးဆွဲလျှက်ရှိပြီး ဗီယက်နမ်နိုင်ငံတဝှမ်းနဲ့ အာရှ-ပစိဖိတ်ဒေသတွင်းရှိ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း (၃၃) ခုဖြင့် ပျံ သန်းပြေးဆွဲလျက်ရှိပါတယ်။
ထက်ဦးဝေ
0 comments :
Post a Comment