မြန်မာပြည်ကိုရောက်လာတဲ့ လူသားဘာဘီရုပ်မလေး

Thursday, August 20, 2015




အသက် ၂၉ နှစ်အရွယ် ယူကရိန်းမော်ဒယ်လ်တဦးဖြစ်တဲ့ Valeria Lukyanova ဟာ ဘာဘီရုပ်မလေးနဲ့ အလွန်ကို ဆင်တူသူလို့ နာမည်ကြီးထင်ရှားခဲ့သူပါ။ ၂၀၁၃ ခုနှစ်ကစလို့ လူသိများ ထင်ရှားလာတဲ့ Valeria Lukyanova ဟာ သိပ်မကြာသေးခင်ကာလလောက်က သူမရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှာ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ဓာတ်ပုံတွေနဲ့ သူမ သိထားတဲ့  မြန်မာနိုင်ငံအကြောင်းကို ရေးသားထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂံဘုရားတွေနဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က တင်ထားခဲ့တာပါ။ သူမ အနေနဲ့ မြန်မာ ပြည်ဆိုတာကို ဘယ်လိုသိရှိခဲ့သလဲဆိုတာကို ရေးသားထားတာမှာ အတော်တော့       စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘယ်လိုရေးသားထားသလဲဆိုတော့…

ပုဂံဘုရားနှင့်  Valeria Lukyanova (photo - Valeria Lukyanova facebook)

ဗူးဘုရားနှင့်  Valeria Lukyanova

“ကျမ မြန်မာနိုင်ငံကို သွားရောက်ချင်ခဲ့တာ ကြာပါပြီ။ ကျမနဲ့ ၀ိညာဉ်ရေးရာအရ တော်စပ်တဲ့ အစ်ကိုတယောက်တို့ဟာ လူအဖြစ် မ၀င်စားမီကတည်းက အဲဒီကို သွားရောက်ဖူးခဲ့တာပါ။ ကျမတို့ဟာ ဘုရားဖူးတွေအဖြစ် လောကရဲ့ အမြင့်မြတ်ဆုံး အားအကြီးဆုံးနေရာကို ရှာဖွေဖို့ အဲဒီကို အကြိမ်ကြိမ် သွားရောက်ခဲ့တယ်၊ တရားရှုမှတ်တာတွေ လုပ်ခဲ့တယ်၊ အဲဒီကတည်းက ကျမတို့ဟာ မြန်မာပြည်ကို စိတ်မ၀င်စားဘဲ မနေနိုင်ကြဘူးပေါ့။

မြန်မာနိုင်ငံကို ကျမ ဘယ်လို သိလာတာလဲ ဆိုတော့…

တရက်မှာတော့ ကျမဟာ လူဝင်းစားမှု အကြောင်း ပိုမိုသိရှိဖို့ ကျမရဲ့ ၀ိညာဉ်ရေးရာအရ တော်စပ်တဲ့ အစ်ကိုတယောက်နဲ့အတူ အဓိဋ္ဌာန်ပြု တရားထိုင်ပါတယ်။ အဲဒီလို အာရုံပြုနေချိန်မှာပဲ ထောင်သောင်းမကတဲ့ အံ့သြဖွယ်ရာ ဘုရားစေတီပုထိုးတွေ ၀န်းရံလျက် ရှိနေတဲ့ အလွန် တင့်တယ်ခမ်းနားတဲ့ နေရာတခုကို ရောက်သွားပါတယ်။ အဲဒီနေရာအကြောင်း ပြန်ရှင်းပြဖို့ အရမ်းခက်သလို အရမ်းလည်း အံ့သြစရာ ကောင်းပါတယ်။ ကျမ အဲဒီနေရာထဲမှာ အချိန်အတော်ကြာ ရောက်ရှိခဲ့ပါတယ်။ နောက်တော့ အဲဒီဒေသက မြန်မာပြည်ဆိုတာ သိလာရပြီး အင်တာနက်ကနေပြီး အကြောင်းစုံ စုံစမ်းပါတယ်။ အဲဒီမှာ အရင် ဘားမားလို့ ခေါ်တဲ့ နိုင်ငံက အခုကျတော့ မြန်မာလို့ ပြောင်းလဲ ခေါ်ဝေါ်တာလည်း သိလာပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဓာတ်ပုံလေးကို တွေ့တော့ ချက်ချင်းဆိုသလို အဓိဋ္ဌာန်ပြု တရားထိုင်စဉ်က စိတ်အာရုံမှာ မြင်တွေ့ခဲ့ရတဲ့ ဒေသဆိုတာ မှတ်မိသွားပြီး သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရွှေတိဂုံစေတီတော်နဲ့ ပုဂံဒေသကို ကျမ ကိုယ်တိုင် ရောက်ရှိပြီး ကိုယ်တိုင် မြင်တွေ့ ဖူးမြော်ရတော့ ကျမ ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ကျေနပ်ဝမ်းမြောက် ဖြစ်ရပါတယ်။ တကယ့်ကို အံ့သြမင်သက် ဖြစ်သွားပါတယ်။ စကားနဲ့ ဖော်မပြနိုင်လောက်အောင်ပါပဲ။ အရင့်အရင်က အမှတ်ရစရာတွေ၊ ခွန်အားတွေ၊ လက်ရှိတွေ့နေရတဲ့ အနေအထားတွေက ကျမကို ဆွဲဆောင် ထင်ဟပ်ပြနေပြီး မေ့လျော့နေတဲ့ စိတ်ခံစားမှုကို နိုးထသွားစေပါတယ်။ အလေးအမြတ်ပြု ကြည်ညိုစိတ်လည်း ဖြစ်မိပါတယ်။ တကယ့်ကို မယုံနိုင်စရာ အဖြစ်ပါပဲ။ ကျမ အတွက် မတင်မကျ မသဲမကွဲ ဖြစ်နေတဲ့ မေးခွန်းတွေရဲ့ အဖြေ အတော်များများဟာ ရှင်းလင်းသွားပါတယ်။ ပြီးတော့ အပြိုင် အနေအထားဖြစ်တဲ့ ရှေးခေတ်ဟောင်း မက္ကဆီကိုရဲ့ သမိုင်းစဉ်ရယ်၊ ရှေးခေတ်ဟောင်း မက္ကဆီကန်တွေရဲ့ စရိုက်လက္ခဏာတွေရယ် ဆိုတဲ့ မြောက်များစွာသော အဖြေတွေကို ကိုယ်ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ရပါတော့တယ်။” လို့ ရေးသားထားတာပါ။

ဓမ္မရံကြီးဘုရားနှင့်  Valeria Lukyanova

ဘာဘီရုပ်မလေးနဲ့ အလွန်ကို ဆင်တူတဲ့ ယူကရိန်းမော်ဒယ်လ် Valeria Lukyanova ဟာ သူမပိုင်ဆိုင်ထားတဲ့ မျက်လုံးစိမ်းလေးတွေက သူမကို ဘာဘီအရုပ်မလေးနဲ့ ပိုဆင်တူစေနိုင်တဲ့ အကြောင်းအချင်းအရာ တခုဖြစ်နေသလို အဲ့ဒါကိုမှ ဘာဘီရုပ်ကဲ့သို့ မိတ်ကပ်ပြင်ဆင်ချယ်သမှုတွေနဲ့ မွမ်းမံလိုက်တော့ Valeria Lukyanova ဟာ “လူသားဘာဘီရုပ်”မလေးလို့တောင် တင်စားခေါ်ဝေါ်ခံလာရသူဖြစ်လာခဲ့ပါတယ်။ သူမကို ကမ္ဘာအနှံ့က ပရိတ်သတ်တော်တော်များများ သတိပြုမိလာရခြင်းမှာ သူမရဲ့ ဘာဘီရုပ်နဲ့ ဆင်တူတဲ့ ဓာတ်ပုံတွေ အင်တာဗျူးတွေကို သူမရဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်စာမျက်နှာမှာ တင်ခဲ့တာက  စခဲ့တယ်လို့ ဆိုရပါမယ်။ 

ရွှေတိဂုံဘုရားနှင့်  Valeria Lukyanova

သူ့အနေနဲ့ ဘာဘီရုပ်မလေးနဲ့ ဆင်တူစေနိုင်တဲ့ ရင်သားအလှပြုပြင်ထားခြင်းကလွဲလို့ မျက်နှာပိုင်းဆိုင်ရာ ခွဲစိပ်ပြုပြင်ထားခြင်းမျိုး မရှိခဲ့ဘူးဟု မဂ္ဂဇင်းနှင့် တီဗီအင်တာဗျူးတွေမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သေးသွယ်တဲ့ ခါးအလှကို ပိုင်ဆိုင်နိုင်စေဖို့ သူမရဲ့နံရိုးတွေကို ဖယ်ရှားထားတယ်ဆိုတဲ့ အဆိုကိုလည်း ငြင်းဆိုခဲ့ပါသေးတယ်။ ဘာဘီရုပ် ကလေးကဲ့သို့ ကျစ်လစ်သွယ်လျတဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့ ကိုယ်အလေးချိန်ကို အထူးလျော့ချခြင်း မျိုးနှင့် Gym ကစားခြင်းမျိုးတို့ကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သူမအား ဝေဖန် တိုက်ခိုက်ချင် သူတွေက သူမရဲ့ဓာတ်ပုံတွေဟာ ဖိုတိုရှော့ခ် ပြု လုပ်ထားတဲ့ပုံတွေပါလို့ အပြစ်တင်ဝေဖန်ခြင်းကိုလည်း ခံခဲ့ရတာပါ။ အရပ် ၅ ပေနှင့် ၇ လက်မရှိတဲ့ ယူကရိန်းသူ Valeria Lukyanova ဟာ ဗိသုကာဘွဲ့ရ တယောက်လည်းဖြစ်ပါတယ်။ 


I wanted to go to ‪#‎Burma‬ for a long time. We were connected since before the last incarnation, when I traveled there with my spiritual brother. We are traveled a lot, doing meditation all the time and being a pilgrims who seeking the places full of power. And of course we could not bypass its attention to Burma.

How do I know about Burma?

One day, I meditate and practice self-hypnosis in order to learn more information about my incarnation in which I often traveled with my spiritual brothers. During this I had vision of a great place surrounded with thousands of beautiful amazing temples. It was inexplicable, wonderful and I felt deja vu! I spent a lot of time there in this magical mystical place. Before leaving my spiritual family told me that it's called Burma. After awake I started searching in the internet about this country. Discovered that Burma now had a name Myanmar. I saw a pictures and remembered the here is place where I was in meditation and decided to go there!

It is difficult to describe the admiration I felt when I saw it with my own eyes Shwedagon and Bagan: just shocked! It's greatness was leaving me with no words! So many memories, energy, states that washed over me and awakened forgotten feelings. Reverence and quiet. Meditation there were incredible. I found a lot of answers for myself, and again saw parallels with the history of ancient Mexico and a variety of characters.



1 comments :

  1. spiritual brother = ၀ိညာဉ်ရေးရာအရ တော်စပ်တဲ့ အစ်ကို ? လူအဖြစ် မ၀င်စားမီကတည်းက? ဘာ သာ ပြန် တာ စောက် တ လွဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved