လူအများကို ဆွဲဆောင်နိုင်ခဲ့တဲ့ အသက်၇၀ကျော် အဖိုးအိုရဲ့ ဒိုင်ဗင်အလှ

Wednesday, August 26, 2015




ဂျန်ကွမ်တောင်ဆိုသော အသက် ၇၃ နှစ်အရွယ် ရေကူးဒိုင်ဗင်သမားတဦး တံတားဘောင်ပေါ်ကနေ ဒိုင်ဗင်ထိုးချခဲ့တဲ့ ဖြစ်ရပ်ဟာ လူအများအတွက် စိတ်ဝင်စားစရာတခုဖြစ်ခဲ့ပါတယ်။ သူဟာ ရှန်ဒုန်းပြည်နယ် တ    ရုတ်ပြည်အရှေ့ပိုင်းကမ်းခြေမြို့ဖြစ်တဲ့ Qingdao မြို့ရဲ့ တံတားဘောင်တခုပေါ်ကနေ ဒိုင်ဗင်ထိုးချခဲ့ခြင်းပါ။


ဒါ့ထက် ပိုစိတ်ဝင်စားစရာတခုက အသက် ၇၃ နှစ်အရွယ် ဂျန်ဟာ အပျော်တမ်းရေကူးဒိုင်ဗင်သမားတဦးလို့ ဆိုပေမယ့် သူဟာ အလွန်ချမ်းအေးလှတဲ့ ဆောင်းရာသီလို အချိန်မျိုးတွေတောင် မရှောင်ပဲ အခုလို ဒိုင်ဗင်ထိုးအားကစားကို ကြိုးစားပမ်းစားနဲ့ လေ့ကျင့်လာခဲ့တာ နှစ်ပေါင်း ၁၀ နှစ်ကျော်ခဲ့ပြီလို့ တရုတ်ဓာတ်ပုံ သ  တင်းဌာနဖြစ်တဲ့ CFP က ဖော်ပြခဲ့ပါတယ်။



အခုလို အသက် ၇၀ ကျော် အဘိုးအိုတဦးက ရေကူးဒိုင်ဗင်ထိုးခြင်းကို ကျွမ်းကျင်စွာ ပြုလုပ် နိုင်သေးတယ်ဆိုတာ နည်းတဲ့ အရည်းအချင်းတော့ မဟုတ်ပါဘူး။

“ကျနော်အခုလို ဒိုင်ဗင်ထိုးလာခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ တကိုယ်ရည်တကာယ နေ့စဉ်လုပ်ဖြစ်နေတဲ့ ဒီအလုပ်ကို မလုပ်ရတော့ဘူးဆိုရင် ကျနော့ဘ၀ရဲ့ အစိတ်အပိုင်းတခု ပျောက်ဆုံးနေသလို ခံစားရတယ်” လို့   ဂျန်က CFP က ပြောပါတယ်။


ဂျန်ရဲ့ ဒိုင်ဗင်အားကစားအရည်အသွေးဟာ နည်းနည်းနောနောကျွမ်းကျင်မှုမဟုတ်ဘဲ သူဟာ ငယ်ရွယ်စဉ်ကတည်းက ရေကူးအားကစားကိုပါ ကျွမ်းကျတ်တတ်မြောက်ခဲ့သူတဦးလို့ သိရပါတယ်။


Ref: CCTV news

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved