ဝေါလ်ထရိတ်စင်တာ တိုက်ခိုက်ခံရမှုက လွတ်မြောက်လာတဲ့ "ဖုန်မှုန့်များနဲ့ အမျိုးသမီး" ကွယ်လွန်ပြီ

Wednesday, August 26, 2015


9/11 ဖြစ်ရပ်ဖြစ်ပြီးနောက် "Dust Lady" လို့ လူသိများထင်ရှားခဲ့တဲ့ မာစီဘော်ဒါ ရဲ့ ဖုန်မှုန့်တွေနဲ့ ပေကျံနေသောပုံ (photo- mirror.com)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က World Trade Center တိုက်ခိုက်ခံရစဉ်က “Dust Lady” ဖုန်မှုန့်များနှင့် အမျိုးသမီး” လို့ အမည်ပေးခဲ့တဲ့ ထူးထူးခြားခြား ထင်ရှားခဲ့သော ဓာတ်ပုံတပုံထဲက အမျိုးသမီးဟာ အခုတော့ အစာအိမ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ပါပြီ။

ဝေါလ်ထရိတ်စင်တာ တိုက်ခိုက်ခံရစဉ်က ခေါင်းကနေ ခြေထောက်အထိ ဖုန့်မှုန်တွေနဲ့ပေကျံနေတဲ့ သူမရဲ့ ပုံကို အဆိုပါဖြစ်စဉ်အတွင်း ဓာတ်ပုံဆရာတဦးက ရိုက်ကူးရရှိခဲ့တာပါ။ အဲ့ဒီတုန်းက ဖုန့်မှုန်တွေ ကွန်ကရစ်မှုန်တွေကြားထဲက အဲ့ဒီ ဓာတ်ပုံဟာ ကျော်ကြားခဲ့ပြီး အဲ့ဒီပုံကြောင့် သူမကို  “Dust Lady” ဆိုပြီး လူသိများထင်ရှားလာခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မာစီဘော်ဒါဆိုသူ အဲ့ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ တနလာင်္နေ့က သေဆုံးသွားခဲ့တာဖြစ်ပြီး သူဟာ ရောဂါဝေဒနာကို နှစ်ရှည်လများ ခံစားခဲ့ရသူပါ။

ငါ့မှာရှိတဲ့အရာတွေကို ဒီ ကင်ဆာဆဲလ်တွေက လောင်မြိုက်ဖျက်ဆီးနေပြီလားလို့ သူ့ကိုယ်သူ အမြဲပြောဖြစ် ခဲ့တယ်လို့ သူမတခါ ဆိုခဲ့ဖူးပါတယ်။

မာစီဟာ ဝေါလ်ထရိတ်စင်တာမှ ဖုန်မှုန့်တွေကို ရှုရှိုက်ခဲရလို့ အခုလို ကင်ဆာရောဂါ ဖြစ်ပွားခဲ့တယ်လို့ ယုံ
 ကြည်ခဲ့ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ပြောခဲ့ဖူးပါတယ်။

9/11 လို့ အများခေါ်ဝေါ်ခဲ့ကြတဲ့ အဲ့ဒီအဖြစ်အပျက်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူမဟာ အထိမ်းအချုပ်မဲ့သလို ဘ၀ကို ရုန်းကန်လှုပ်ရှားလာခဲ့ရပါတာပါ။ ပြင်ထန်းတဲ့ စိတ်ကျရောဂါကို ခံစားလာခဲ့ရပြီး မူးယစ်ဆေးစွဲလာတဲ့ အထိပါပဲ။ ဒါ့အပြင် ၁၀ နှစ်နီးပါး အလုပ်မလုပ်နိုင်ခဲ့ဘဲ လေယာဉ်မြင်တာနဲ့ အထိတ်အလန့်ဖြစ်နေခဲ့ရတာပါ။

မာစီဘော်ဒါ (photo - AFP)

သူမရဲ့ ၀မ်းကွဲအကိုတော်စပ်သူ ဂျွန်ဘော်ဒါက သူမဟာ 9/11 ဖြစ်ပြီးကတည်းက သူမ ခန္တာရဲ့ဖိစီးမှု        ဒဏ်တွေကို ကံဆိုးစွာနဲ့ပဲ မတွန်းလှန်နိုင်ခဲ့တာပါလို့ ဆိုပါတယ်။

နယူးဂျာစီသူ မာစီဟာ အယ်ကိုင်းဒါ အကြမ်းဖက်သမားတွေက ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့ World Trade Center ရဲ့ ၈၁ ထပ်မှာရှိသော Bank of America ဆိုတဲ့ ဘဏ်တခုမှာ ဘဏ်လက်ထောက်ရာထူးနဲ့ အလုပ်လုပ်ကိုင်နေခဲ့တာ တလမျှသာ ရှိခဲ့သေးတာပါ။

ဖြစ်တဲ့အချိန်မှာ သူဌေးဖြစ်သူက အန္တရာယ်ကင်းစေဖို့ သူမကို ကိုယ့်စားပွဲမှာဘဲရှိနေဖို့ ပြောဆိုခဲ့တာကို သူမက မလိုက်နာခဲ့ပါဘူး။

အဲ့ဒီအချိန်က အသက် ၂၈ နှစ်သာ ရှိသေးတဲ့ မာစီဟာ လှေကားထစ်တွေဆီက လမ်းမပေါ်အထိ ပြေးဆင်းလားခဲ့ပြီး သူမလည်း ပလက်ဖောင်းပေါ်အရောက် အဆောက်အဦးဟာ စတင်ပြိုကျသွားခဲ့တာလို့ သတင်းက ဆိုပါတယ်။


ကိုးကားသတင်း။  ။ http://www.mirror.co.uk/news/world-news/911-dust-lady-marcy-borders-6321101

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved