မိုးရာသီမှာ အသုံးတည့်တဲ့ အဝတ်အခြောက်ခံစက်

Friday, August 21, 2015



မြန်မာနိုင်ငံရဲ့ ဒီနှစ် မိုးရာသီက တနိုင်ငံလုံးနီးပါး စံချိန်တင်ရလောက်အောင် ရွာအားကောင်းကောင်းနဲ့ ရွာသွန်းတဲ့ မိုးလို့ ဆိုရမလားပဲ။ တနိုင်ငံလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးမှုဖြစ်စဉ်တွေနဲ့ တချို့နေရာဒေ  သတွေမှာ ရေကျသွားပေမယ့် တချို့နေရာတွေကတော့ ရေကြီးမှုကို ရင်ဆိုင်နေရဆဲပါပဲ။

ရန်ကုန်မှာဆိုရင်လည်း နေ့စဉ်ရက်ဆက်ရွာနေတဲ့ မိုးတွေကြောင့် သွားရ၊ လာရခက်ခဲသလို ရန်ကုန်မြို့ရဲ့ တိုက်ခန်း၊ ကွန်ဒို အသီးသီးမှာ နေထိုင်ကြသူတွေအတွက် ဒီလို မိုးရာသီအချိန်ကာလမှာ အဝတ်လှန်းရတာ၊ အဝတ်တွေ မခြောက်တာ၊ အဝတ်တွေ စိုထိုင်းပြီးခြောက်ဖို့ အချိန်ကြာတာစတဲ့ ပြသနာမျိုးတွေ ကြုံတွေ့နေရပါတယ်။

ဒါကြောင့်မို့လို့ ဒီတပတ်မှာတော့ မိုးရာသီအတွက် အရမ်းသင့်တော်တဲ့ အဝတ်အခြောက်ခံစက်လေးတွေနဲ့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။

အဝတ်ခြောက်ခံစက်တွေကို Online Shopping တွေနဲ့ Electronics ဆိုင်တွေမှာ ဝယ်ယူ ရရှိနိုင်ပါတယ်။ အမြင့်က လူတရပ်နီးပါး 150 cm အမြင့်ရှိပြီးတော့ အလေးချိန်အနေနဲ့က 30 kg အထိ ခံနိုင်ရည်ရှိ     တာကြောင့် နေ့စဉ် ရုံးတက်၊ ကျောင်းတက်နေရတဲ့သူတွေတွက် အင်္ကျီ၊ဘောင်းဘီ၊ ယူနီဖောင်းစတာတွေကို အချိန်တိုတွင်း လျင်လျင်မြန်မြန် အခြောက်ခံနိုင်မှာပါ။

ဒီစက်လေးတွေက DIY (Do It Yourself) ဆိုတဲ့အတိုင်း အလွယ်တကူ ကိုယ်တိုင် ဖြုတ်၊တပ် ပြုလုပ် တပ်ဆင် နိုင်ပြီး မီးအားလည်း အထွေအထူး ကုန်မှာ မဟုတ်ပါဘူး။

လက်နဲ့လျှော်ပြီးနဲ့ လက်နဲ့ညှစ်ထားတဲ့လက်ညှစ် အဝတ်စိုတွေဆို ၄၅ မိနစ်ကနေ တနာရီအတွင်းမှာ အဝတ်တွေ ခြောက်သွားနိုင်ပြီး စက်နဲ့ လျှော်ထားတဲ့ အဝတ်တွေ ဆိုရင်တော့ မိနစ် ၂၀ ကနေ နာရီဝက်အတွင်းမှာ အဝတ်တွေ ခြောက်သွားနိုင်ပါတယ်တဲ့။

ဒီလို အဝတ်ခြောက်ခံစက်လေးတွေက အလျား 75 cm၊ အနံ 46cm အဲဒီဝန်းကျင်ပဲရှိတာကြောင့် အိမ်မှာထားဖို့ နေရာအများကြီးပေးစရာမလိုပါဘူး။ အရောင်အားဖြင့်လည်း အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင် စတဲ့ ချစ်စရာကောင်းတဲ့ အရောင်လေးတွေလာတာမို့လို့ အိမ်ရှင်မတွေနဲ့ အမျိုးသမီးတွေအကြိုက်ဖြစ်မှာပါ။

ကဲ… ဒီလိုဆိုရင်တော့ မိုးရာသီမှာ အသုံးလည်းဝင်၊ အသုံးတည့်ပြီး ခေတ်မီ ချစ်စရာကောင်းတဲ့ အဝတ်ခြောက်ခံစက် လေးတွေကိုဝယ်ထားရအောင်လို့ လက်တို့လိုက်ချင်ပါတယ်။ ဈေးနှုန်းအနေနဲ့က ကျပ် ၃သောင်းခွဲလောက်ကစလို့ ၃ သောင်း ၈ ထောင်ကျပ်၊ ၄သောင်း၊ ၄ သောင်းခွဲ၊ ၅ သောင်းအထိ အစားစားရှိပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved