ထိုင်းနာမည်ကြီး အမျိုးသမီး ဒီဂျေ လက်စွမ်းပြဖျော်ဖြေမယ့် EDM Show ရန်ကုန်တွင် ပြုလုပ်မည်

Monday, August 17, 2015




ထိုင်းနိုင်ငံမှ နာမည်ကြီး အမျိုးသမီး ဒီဂျေတဦးဖြစ်တဲ့ ဒီဂျေ Double-G နဲ့အတူ မြန်မာနိုင်ငံမှ  ဒီဂျေ Wine(DJ Double U) အပါအ၀င် နာမည်ကြီး အဆိုတော်တွေ ဖျော်ဖြေတင်ဆက်မယ့် EDM Show (Electronic Danc Music Show) ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်မှာပါ။

ဒီဖျော်ဖြေပွဲဟာ မြန်မာနိုင်ငံရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ ရန်ပုံငွေ ပွဲဆိုလည်းမမှားပါဘူး။

ရန်ကုန်မြို့ပြရဲ့ Club တွေမှာ တစထက်တစ ပိုမိုခေတ်စားလာခဲ့တဲ့ EDM Music တွေကို ထိုင်းနိုင်ငံက နာမည်ကြီး အမျိုးသမီး ဒီဂျေ Doubel –G နှင့် မြန်မာနိုင်ငံမှ ဒီဂျေ Wine တို့ရဲ့ လက်စွမ်းတွေနဲ့အတူ မြန်မာနိုင်ငံမှ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ AR-T၊ ၀ိုင်းစုခိုင်သိမ်း၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ စူပါမော်   ဒယ်လ်၊ ၀ါဆိုမိုးဦး နှင့် ယူရေနီယမ် အကအဖွဲ့တို့က တွဲဖက် ဖျော်ဖြေသွားမှာပါ။

“ထူးခြားတာက အဆိုတော်တွေရဲ့ သီချင်းတပုဒ်နဲ့တပုဒ်ကြားမှာ လစ်ဟာသွားခြင်းမရှိဘဲနဲ့ EDM Music နဲ့အတူ Non- stop ဖျော်ဖြေတင်ဆက်သွားဖို့ရှိပါတယ်။ ဖျော်ဖြေရေးက ဘယ်အချိန်ပြီးလို့ ပြီးမယ်မှန်းမသိဆိုတာမျိုး ဘယ်အချိန်မှာ ဘယ်သူ ဘယ်အဆိုတော် ထွက်လာမယ်ဆိုတာမသိတာမျိုး မဟုတ်ဘဲ အချိန် အတိအကျနဲ့ ဖျော်ဖြေသွားပါမယ်။ ပွဲကြာမြင့်ချိန် ၃ နာရီခွဲကြာပါမယ်” လို့ အဆိုပါ EDM Show ကို စီစဉ်သူ DJ  Oakkar က ဧရာဝတီကိုပြောပါတယ်။

လက်မှတ်ဈေးနှုန်းကို ၇၇၀၀ အဖြစ်သတ်မှတ်ထားပြီး ၇ ထောင်က လက်မှတ်တန်ဖိုးဖြစ်ကာ ကျန်တဲ့ ၇၀၀ ကိုတော့ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားဖို့ အခုလို သတ်မှတ် လိုက်ရခြင်းဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

EDM Show လက်မှတ်တွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ရှော့ပင်းစင်တာတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved