ရေဘေးသင့်နေသူတွေ ကြုံရလေ့ရှိတဲ့ ဆိုးရွားပြီးအသက်အန္တရာယ်ပေးတာကမြွေကိုက်ခြင်းပါပဲ။ မြွေကိုက် ပြီဆိုတာနဲ့ အရေးပေါ် ဆေးရုံသွားဖို့ ပြင်ဆင်ဆက်သွယ်ဖို့က အရေးအကြီးဆုံးပါ။ မြွေကအဆိပ် မရှိ ရင်တော့ ဒဏ်ရာကိုရိုးရိုးထိခိုက်ပွန်းရှနာလိုပဲ ကုသနိုင်ပါတယ်။
အရေးကြီးတာက -
• မြွေရဲ့ အသွင်အပြင်ကိုအသေအချာမှတ်မိအောင်မှတ်ထားပြီး ပြန်ပြောနိုင်ဖို့ အဓိကပါ။
ကျန်းမာရေးအကူအညီပေးမယ့် သူကိုစောင့်နေချိန်မှာ -
• လူနာကိုမြွေနဲ့ အလှမ်းဝေးရာရွှေ့ထားပါ။
• နှလုံးအောက်ပိုင်းမှာကိုက်ခံရတဲ့ လူနာဆိုရင် လဲလျောင်းနေပါစေ။
• မြွေဆိပ်မပျံ့စေဖို့ လူနာကို ငြိမ်ငြိမ်လေးသာနေပါစေ။
• အနာကိုသန့်ရှင်းတဲ့ ပေါ့ပေါ့ပါးပါးပတ်တီးစနဲ့ ဖုံးအုပ်ထားပါ။
ဒါတွေမလုပ်ပါနဲ့
• အနာကိုချဲ့တာ၊ ဆွတာ
• အဆိပ်စုတ်ထုတ်ဖို့ ကြိုးစားတာ
• ဒဏ်ရာအထက်ကနေ ကြိုးစည်းတာ၊ ဒဏ်ရာကိုရေတွေ၊ ရေခဲတွေနဲ့ ထိတွေ့အုပ်ထားတာ
• လူနာကိုအရက်နဲ့ ကော်ဖီတွေတိုက်တာ
အဲဒီပမာဏကာကွယ်ရေးတွေပြီးလို့ ဆေးရုံရောက်မှ လိုအပ်တာတွေ ဆက်လုပ်ပါလိမ့်မယ်။
0 comments :
Post a Comment