“ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာရပ်တည်နိုင်လို့ LGBT ဖြစ်ရတာ ဂုဏ်ယူတယ်”

Friday, August 21, 2015





ဝေယံအောင်(ခ)Wai Yum
အသက် ၂၂ နှစ်
Filmmaker

ကျနော်က အခုလက်ရှိ Miracle Post ဆိုတဲ့ Media Production House မှာ Filmmaking နဲ့ပတ်သက်ပြီး Editing အပိုင်း၊ Editor အဖြစ် အလုပ်လုပ်နေပါတယ်။

ကျနော် Filmmaking လိုင်းထဲကို စရောက်လာတာက ကျနော့်အိမ်နဲ့ ပြဿနာတက်ပြီး ကျနော်အိမ်ပေါ်က ဆင်းလာခါနီးမှာ ရန်ကုန်က သူငယ်ချင်းတယောက်က LGBT & Proud Film Festival အတွက် Participant   ခေါ်တယ်ဆိုတော့ ကျနော်ပါသွားတယ်။ ပါသွားတဲ့အချိန်မှာ ကျနော်အိမ်ပေါ်က ဆင်းလာပြီးတော့ ရန်ကုန်မှာ Filmmaking နဲ့ပတ်သက်တဲ့ သင်တန်း ၁ လ လာတက်တယ်။

အဲဒါပြီးတဲ့အခါမှာ ကျနော်ဆရာမင်းထင်ကိုကိုကြီးဖွင့်တဲ့ Human Rights Film Institute မှာ တခါထပ်တက်တယ်။ ပြီးတော့ ဒီ Filmmaking Filed ထဲကို ဝင်လာတာပါ။ အိမ်နဲ့ ပြသနာဖြစ်တယ်ဆိုတာ အဲဒီတုန်းက ကျနော်လူ့အခွင့်အရေးသင်တန်းသွားတက်လိုက်လို့။ လူ့အခွင့်အရေးသင်တန်းဆိုပေမယ့် LGBT (Lesbian, Gay, Bisexual, Transgender) အခွင့်အရေးသင်တန်းပေါ့။

နယ်မြို့မှာကျတော့ အိမ်က ဘယ်နားမှာ ဘာဖြစ်နေလဲဆိုတာ အကုန်သိတော့ ကျနော့်ကို ရိပ်မိပြီး ပြဿနာ ဖြစ် ကြတာ၊ အဲဒီမှာအတိုက်အခံတွေဖြစ်ကြတော့ ကိုယ်ကလည်း LGBT တယောက် ဖြစ်နေတဲ့အခါ ကျတော့ LGBT တွေ ကောင်းဖို့အတွက် လုပ်ပေးချင်တယ်။ ကိုယ့်ကိုလာထိခိုက်တာလည်း မခံချင်ဘူး။ အဲဒီအခါကျ အတိုက်အခံလုပ်ပြီး အိမ်က ဆင်းလာတာပါ။

LGBT & Proud Film Festival မှာပါဝင်ခဲ့တာတော့ ၂ ကားပါ။“Open”ဆိုတဲ့ ဇာတ်ကားမှာ Camera Man၊ “That the way I am” ဆိုတဲ့ ဇာတ်ကားမှာ Sound Person အနေနဲ့ပါဝင်ခဲ့တာပါ။ Open ဆိုတဲ့ဇာတ်ကားက LGBTGay တယောက်အကြောင်းကို ရိုက်ထားတာ။ သူကပန်းချီဆရာ၊ နိုင်ငံခြားမှာ ကျောင်းတက်ခဲ့တယ်။ Scholarship တွေရခဲ့တယ်၊ နိုင်ငံခြားမှာ Performance Show တွေ ပြခဲ့တယ်။ လုံးဝကို Proud ဖြစ်တဲ့ လူတယောက်၊ Gay တယောက်အကြောင်း ရိုက်ပြထားတာပါ။

That the way I am ဆိုတဲ့ ဇာတ်ကားကကျတော့ သူက Gay တယောက် ဖြစ်နေတယ်ဆိုတာကို သူ့အမေကို သူဖွင့်ပြောချင်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ LGBT & Proud Film Festival ပြီးသွားတဲ့အခါကျတော့ ကျနော်သူငယ်ချင်းတယောက်အိမ်မှာနေရင်းနဲ့ ဆရာမင်းထင်ကိုကိုကြီးရဲ့ သင်တန်းကို လျှောက်ထားတယ်။ ပြီးတော့မှ သင်တန်းပါသွားတဲ့အခါ ကျနော်က ကိုယ့်ကိုယ်ကိုယ် Gay တယောက်လို့ဝန်ခံပြီးတော့ သင်တန်းမှာ ဖောင်တင်ထားတယ်။ သင်တန်းကလည်း ကျနော့်ကို Gay မှန်းသိလျက်နဲ့ လက်ခံခဲ့ပြီး  သင်တန်း ပါဝင်ခွင့်ရခဲ့တယ်။

ဆရာမင်းထင်ကိုကိုကြီးရဲ့သင်တန်းမှာသင်ခဲ့ရတာတွေက Documentary တခုကို အစအဆုံး ဘယ်လို လုပ်ရတယ်ဆိုတာက အစ၊ စကားပြောတာ၊ မေးခွန်းမေးတာ၊ အင်တာဗျူးလုပ်တာ၊ အသံဖမ်းတာ၊ အဆုံးသတ်စာတန်းထိုးတဲ့အထိ အကုန်လုံး အဲဒီက ဆရာတွေ သင်ပေးခဲ့တယ်။

“လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ”ရုပ်ရှင်ပွဲတော်မှာ ကျနော်ပါဝင်ခဲ့တာ၂ ကားပါ။ ပထမကားက“A Way Back Home”ဆိုတဲ့ကလေးစစ်သားကား၊ အသက်၁၈နှစ်မပြည့်ဘဲနဲ့ တပ်ထဲကို စည်းရုံးခံရတဲ့ ကလေး ၃  ယောက်အကြောင်းရိုက်ထားတဲ့ကားပါ။ အဲဒီကားက ကျနော်အပါအဝင်သင်တန်းသား ၃ ယောက်အတူ  လုပ်ထားတာပါ။

နောက်တကားက“She is a male” ဆိုတဲ့ဇာတ်ကား၊ မိန်းမလျာတယောက်က ငယ်ငယ်တုန်းက အချုပ်ကျခဲ့တာတွေ၊ ကျင်စက်နဲ့အတို့ခံရပြီးတော့အခုချိန်မှာ LGBTCommunity အတွက် လှုပ်ရှားနေတဲ့ သူတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီကားမှာကျနော်ကိုယ်တိုင် တော်တော်များများကို တယောက်တည်းပဲလုပ်တာပါ။ တချို့သူငယ်ချင်းတွေက အားတဲ့နေ့တွေမှာ အသံလာဖမ်း ပေးတာမျိုး Edit လာကြည့်ပေးတာမျိုးတွေရှိပါတယ်။

Filmmaking လိုင်းမှာစလုပ်တော့အခက်အခဲ တွေကအများကြီးပဲ။ ကိုယ်က LGBT တယောက် ဖြစ်နေလို့ ရယ်တော့မဟုတ်ဘူး။ ကိုယ့်အိမ်နဲ့ပြဿနာ ဖြစ်ချိန်မှာ ကိုယ်လိုချင်တဲ့အရာတခုကို လိုချင်လို့ ကိုယ်အရမ်းချစ်တဲ့မိသားစုကို စွန့်ခွာခဲ့ရတယ်။ နံပါတ် ၁ အချက်က LGBT ဖြစ်နေလို့ပါပဲ။ LGBT ဖြစ်နေလို့ ဂုဏ်ယူလားဆိုတော့ ကိုယ့်ဟာကိုယ် ပြောချင်တာက ကိုယ်က LGBT ဖြစ်နေပေမယ့် သူများကို အနှောင့်အယှက်ပေးနေတဲ့သူလည်း မဟုတ်ဘူးလေ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နေတဲ့သူတယောက်  ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။

LGBT ကိုလူ့အသိုင်းအဝိုင်းက လက်ခံမှုနည်းနေသေးတယ်။ ဟာသဆန်ဆန်ပြောရရင် မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာရှိတဲ့ LGBT တွေကိုတခြားကမ္ဘာပို့လိုက်၊ ကမ္ဘာကြီးဘာဖြစ်သွားမလဲဆိုတာ စောင့် ကြည့်လိုက်ပါ၊ အဲဒါပဲ ပြောချင်ပါတယ်။ ကြိုးစားနေတဲ့လူငယ်တွေကို ပြောချင်တာက ဆက်ကြိုးစားပါ၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် ကိုယ်ဘယ်လောက်ပဲ တန်ဖိုးထားထား၊ ဘယ်လောက်ပဲ မြတ်နိုးနိုး      စွန့်လွှတ်သင့်တာစွန့်လွှတ်ရမှာပါပဲ။ တချိန်ချိန်ကျရင်တော့အဲဒီအရာတွေကို ပြန်ပြီးတော့ပိုင်ဆိုင်လာမှာပါ။


သီဟတိုး

1 comments :

  1. အောင်ကြူး said... :

    သောက်ကျိုးနဲ ဖောက်အိုးကွဲ မှောက်ထိုးလဲ နောက်ပိုးစွဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved