မရှိမဖြစ် Power Bank

Wednesday, August 5, 2015






စမတ်ဖုန်းကိုနေ့စဉ် နည်းမျိုးစုံ အသုံးပြုလာတဲ့ ဒီနေ့ခေတ်မှာ ဖုန်းနဲ့အတူဖုန်းအားသွင်းဖို့ Power Bank တလုံးက မရှိမဖြစ်လိုအပ်လာပါတယ်။

စမတ်ဖုန်းတလုံးနဲ့ အင်တာနက်အသုံးပြုတာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ စာဖတ်တာ၊ ဖုန်းပြောတာစတဲ့ ဖုန်းတလုံးမှာ ပါဝင်တဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးကို အသုံးပြုလာတဲ့အတွက် စမတ်ဖုန်းကို တနေကုန် အကြာကြီး အသုံးပြုသူတွေအတွက် ဖုန်းမှာ နဂိုမူလပါဝင်တဲ့ Battery အားနဲ့တင် မလုံလောက် နိုင်တာကြောင့် အားပြန်သွင်းပေးဖို့ Power Bank ဆောင်ထားသင့်ပါတတယ်။

ဒီတပတ်မှာတော့ Power Bank အမျိုးမျိုးရှိတဲ့အထဲက Xiaomi တံဆိပ် 10400 mah ရှိတဲ့ Power Bank လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Power Bank က အားအပြည့်တခါ သွင်းပြီးသွားပြီဆိုရင် စမတ်ဖုန်းရဲ့ ဘက်ထရီ အမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး နှစ်ကြိမ်ကနေ သုံး၊ လေးကြိမ်အထိ အားပြန်သွင်းပေးနိုင်ပါတယ်။ Power Bank ရဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ ဘက်ထရီအား ပမာဏများပြီး အရည်သွေးလည်းကောင်းတာကြောင့် လူကြိုက်များတယ်လို့ သိရပါတယ်။

အရောင်အားဖြင့် ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုး ရရှိနိုင်ပြီးဈေးနှုန်းကတော့ ရွှေရောင်ကို  ၁၉၀၀၀ ကျပ်နဲ့ ငွေရောင်ကို ၁၇၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved