ထိုင်းခိုလန်းကျွန်းတွင် တရုတ်အမျိုးသမီးနှစ်ဦးက လိင်စော်ကားခံရတယ်ဆိုပြီး ရဲတိုင်

Thursday, September 3, 2015


နိုင်ငံခြားသားတွေအကြိုက် ခိုလန်းကျွန်း (photo - bangkokpost.com)

ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေအလွန် နိုင်ငံခြားသားတွေ သဘောကျ လာရောက်လည်ပတ်လေ့ရှိတဲ့ ခိုလန်းကျွန်းမှာ တရုတ်အမျိုးသမီး ၂ ဦးအား လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်တယ်လို့ သံသယရှိခံခဲ့ရတဲ့ အမျိုးသားတဦးကို ကြာသပတေးနေ့က စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။

ဘန်လမ်အမ်ဒေသ နကလူရာ ရပ်ကွက်ထဲက ခိုလန်းကျွန်းမှာ တရုတ်အမျိုးသမီး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ
 စော်ကားခဲ့တယ်လို့ တိုင်ကြားခဲ့တဲ့အတွက် ခရီးသွားဧည့်သည်တွေရဲ့ ရဲတပ်ဖွဲ့က အဲဒီ အမျိုးသားကို ဖမ်းဆီးခဲ့တာပါ။

ဘယ်သူရယ်လို့ ဖော်ထုတ်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဗုဒ္ဒဟူးနေ့ညက ပတ္တရား ရဲစခန်းမှာ စုံစမ်းစစ်ဆေးသူနဲ့ ခရီးသွားဧည့်သည်ရဲတပ်ဖွဲ့က တရုတ်အမျိုးသမီး ၂ ဦးကို မေးမြန်းခဲ့ပါတယ်။ အဲဒီနေ့က ကျွန်းပေါ်မှာ လည်ပတ်နေတုန်း အမျိုးသားတယောက်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အဲဒီ အမျိုးသမီး ၂         ယောက်က စွပ်စွဲခဲ့တဲ့အကြောင်း ထိုင်းမီဒီယာက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ မေးမြန်းခဲ့တဲ့ ၇ နာရီကြာချိန်အတွင်းမှာ တရုတ်စကားပြန်တဦးက ဘာသာပြန်ပေးခဲ့တာပါ။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/679684/chinese-women-allege-sexual-abuse-on-koh-larn

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved