နာမည်ကျန်းမာနေဆဲ မောင်ချောနွယ် ၁၃ နှစ်ပြည့် လွမ်းခြင်း

Thursday, September 3, 2015


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

မော်ဒန်ကဗျာဆရာ မောင်ချောနွယ်ကွယ်လွန်ခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ တခေတ်တခါက မော်ဒန်ကဗျာလောကမှာ မောင်ချောနွယ်၊ အောင်ချိမ့်၊ ဖော်ဝေးနဲ့ သုခမိန်လှိုင်ဆိုပြီး ခေတ် ပြိုင် နာမည်ကြီး မော်ဒယ်ကဗျာဆရာတွေ ပေါ်ထွန်းခဲ့ပြီး ဆရာမောင်ချောနွယ်ဟာလည်း ဒီကနေ့အထိ မော်ဒန် ကဗျာလောကရဲ့ ဆရာတဆူဖြစ်နေဆဲပါပဲ။

ကဗျာဆရာအများစုကတော့ လူသာကွယ်လွန်ပေမယ့် နာမည်ကျန်းမာနေဆဲဖြစ်တယ်လို့တောင် ကဗျာတွေရေးပြီး တင်စားခဲ့ကြပါတယ်။ သူကွယ်လွန်တဲ့အထိမ်းအမှတ် အောက်မေ့သတိရတဲ့အနေနဲ့ ပြည်ဒေသအနီးတဝိုက်နဲ့ ရပ်နီးရပ်ဝေးက ကဗျာဆရာတွေ စုပေါင်းပြီး အခမ်းအနားတခုကို သူရဲ့ကဗျည်းကျောက်တိုင်စိုက်ထူးထားတဲ့ ပြည်မြို့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

“အဓိက ရည်ရွယ်ချက်က ခမ်းခမ်းနားနားမလုပ်ဖြစ်တာလဲကြာပြီ အဲဒါနဲ့ ကဗျာဆရာတွေစုပြီးတော့ ဒီနှစ်    ခမ်းခမ်းနားနားလုပ်ကြရအောင်ဆိုပြီး လုပ်ခဲ့ကြတာပါ။ မဖြစ်မနေလုပ်သင့်တဲ့လူတွေ တန်ဖိုးထားရတဲ့သူကို တန်ဖိုးထားတဲ့အနေနဲ့လုပ်တာဖြစ်သလို၊ သူကိုလည်းချစ်သလို သူအနုပညာကိုလည်းချစ်တယ်၊ သူကိုတန်ဖိုးထားလို့ ကျနော်တို့ စိတ်ကူးတူတဲ့ လူတွေစုပြီးလုပ်ကြတာပါ။”လို့ ပွဲစီစဉ်သူတဦးထဲက ကဗျာဆရာ       အိမ်ဝေးသူက ဧရာဝတီကို ပြောပါတယ်။



ဆရာမောင်ချောနွယ်ဟာ ရန်ကုန်ဇာတိဆိုပေမယ့် ပြည်မြို့မှာပဲ ကြီးပြင်းခဲ့ရတဲ့အတွက် သူ့ကိုယ်သူလည်း    ပြည်သားလို့ ခံယူသလို သူ့နဲ့သူ့ကဗျာတွေကို ချစ်မြတ်နိုးသူတွေဟာလည်း ပြည်သားလို့ပဲ သိထားကြတယ်လို့ ကဗျာဆရာ အိမ်ဝေးသူက ဆက်ရှင်းပြပါတယ်။

“သူ့ကဗျာတွေက ရွတ်ပြမယ်ဆိုရင် မကုန်နိုင်လောက်အောင်များပါတယ်။ ကဗျာတွေ အကုန်လုံးကလည်း   ကောင်းပါတယ်။ ကျနော်တို့ပိုပြီး ဂုဏ်ယူရတာကို သူ့ကိုယ်သူ ပြည်သားလို့ ခံယူထားတဲ့အပေါ်မှာ ပိုပြီးတော့ဂုဏ်ယူမိတယ်။ ပြည် ဇာတိလို့ပြောလို့ရတယ်။ ရန်ကုန်မှာမွေးပြီး ပြည်သားလို့ သူ့ကိုယ်သူခံယူတယ်။   ပြည် မြို့မင်းကြီးတောင်ခြေရင်းက အိမ်ကြီးမှာသူနေသွားတာ။ တနိုင်ငံလုံးအတိုင်းအတာကလည်း သူ့ကို    ပြည်သားလို့ သတ်မှတ်ကြတယ်။” လို့ ဆရာ အိမ်ဝေးသူက ဆိုပါတယ်။



ဆရာမောင်ချောနွယ်အတွက် ရည်စူးပြီး ဆရာတော် သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ခြင်းဒိက္ခဏာရုံဘုန်းကြီးကျောင်းမှာပဲ ကဗျာဆရာတွေ၊ ဆရာမောင်ချောနွယ်ကို ချစ်ခင်လေးစားသူတွေက ကဗျာ
ရွတ်ဆိုဂုဏ်ပြုကြခြင်းနဲ့ သူသက်ရှိထင်ရှားရှိခဲ့စဉ်က ပြောခဲ့ဖူးတဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ယနေ့ေ  ခတ်လူငယ်တွေကို လူကြီးတွေက လက်ဆင့်ကမ်း ပြောကြားခဲ့ကြပါတယ်။
         

ကောင်းမြတ်မင်း



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved