ဖေ့ဘုတ်မှာ Dislike သင်္ကေတ ခလုတ် ထည့်သွင်းတော့မည်

Thursday, September 17, 2015




ဖေ့ဘုတ်စာမျက်နှာကို စတင်တီထွင်ခဲ့သူ မက်ခ်ဇူကာဘတ်က ဖေ့ဘုတ်မှာ Dislike သင်္ကေတကို ထပ်မံထည့်သွင်း သွားတော့မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ရဲ့ကုမ္ပဏီမှာပြုလုပ်တဲ့ အစည်းအဝေးရဲ့Q&A ကဏ္ဍမှာ  ပြောကြားသွားပါတယ်။


“လူတော်တော်များများက ကျနော့်ကို dislike သင်္ကေတနဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မေးခဲ့ဖူးကြမယ်ထင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အရမ်းကိုထူးခြားသွားပါပြီ။ ဘာလို့လဲဆိုတော့ ကျနော်တို့ Dislike သင်္ကေတကို စပြီး လုပ်နေပြီလေ” လို့ ဇူကာဘတ်ကဆိုပါတယ်။


အရင်ကတော့ လူမှုကွန်ရက်မှာ Dislike သင်္ကေတကို လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူးလို့ CEO မက်ခ်ဇူကာဘတ် (Mark Zuckerberg) က ပြောပါတယ်။


ဒီ Dislike သင်္ကေတဟာ အသုံးပြုသူအနေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းခြင်း၊ စာနာခြင်း စိတ်သဘောကို ဖော်ပြတဲ့ သင်္ကေတတခုလို့လည်း သူကပြောပါတယ်။

“အခြေအနေ အချိန်အခါဆိုတာကတော့ အမြဲတမ်း ကောင်းမနေနိုင်ပါဘူး။ အသုံးပြုသူတွေအနေနဲ့ အဲ    ဒါတွေကို ငြင်းဆန်ဖို့ချည်းမဟုတ်ပဲ စာနာမှုရှိစေချင်တာပါ။” လို့ ၎င်းက ပြောဆိုသွားပါတယ်။



ထက်ဦးဝေ


ကိုးကားသတင်း။ ။http://time.com/4035281/facebook-dislike-button/?xid=fbshare



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved