Mitsubishi ရဲ့ တန်ကြေးနည်း SUVမော်ဒယ် Outlander

Thursday, September 17, 2015


photo - autotrends.com

လက်ရှိ ဈေးကွက်မှာတော့ Mitsubishi ရဲ့ မော်ဒယ်တွေထဲကဆိုရင် RVR မော်ဒယ်က လူကြိုက်အများဆုံး မော်ဒယ်ဖြစ်မယ်လို့တောင် ပြောလို့ရမှာပါ။ ဒါပေမယ့် ကျနော်ကတော့ မော်ဒယ်တခု ကောင်းတယ်ဆိုတာနဲ့ အားလုံး ဒီ မော်ဒယ်ကို သဘောကျနေတာထက်စာရင် တခြားမော်ဒယ်တွေကိုလည်း ထည့်ပြီး စဉ်းစားသင့်တယ်လို့ ထင်မိတာပါ။ အခု ကျနော် ပြောချင်တာကတော့ တံဆိပ်တူ မော်ဒယ် Outlander အကြောင်းပါ။

မော်ဒယ်အနေနဲ့က အရမ်းကြီး အားနည်းချက်မရှိလှသလို တဖက်က RVR နဲ့လည်း အရည်အသွေးချင်း သိပ်ပြီးမကွာလှပါဘူး။ ဒါပေမယ့် တခုရှိတာကတော့ RVR က ကိုယ်ထည်ပိုင်းလည်း နည်းနည်းသေးပြီးတော့ ရုပ်ထွက်လည်း လှတာကြောင့် မြို့တွင်းစီး မော်ဒယ်အနေနဲ့ အဆင်ပြေနိုင်ပေမယ့် အခု Outlander      ကတော့ လမ်းကြမ်းမောင်း မော်ဒယ်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အထူးကောင်း မွန်ပြီးတော့ ကိုယ်ထည်ပိုင်းလည်း တော်တော်လေး မာပါတယ်။

ဈေးကွက်အတွင်းမှာတော့ ၂၀၀၅ ခုနှစ် ၀န်းကျင်လောက် ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေ အတွေ့ရ များ     ပြီးတော့ မော်ဒယ်နှစ်ချင်း အနိမ့်၊ အမြင့် ပြန်တွက်ရင် Outlanderကတောင် RVR ထက် ဈေးနည်းနည်း မြင့်ချင်နေသေးတာပါ။ တပ်ဆင်အင်ဂျင်အပိုင်းမှာကလည်း ၂.၄ လီတာသုံး အင်ဂျင်လောက်ထိအောင် တပ်ဆင်ထားတာက RVR ထက်စာရင် ခရီးဝေးစွမ်းဆောင်ရည် ပိုကောင်းသွားတာဖြစ်သလို တောင်တက်လမ်း တွေအတွက်ပါ အဆင်ပြေသွားစေတာပါ။ ကျနော့် အမြင်အရတော့ နယ်စီးမော်ဒယ်အနေနဲ့ ပိုကိုက်မယ် ထင်ပါတယ်။ Transmission ပိုင်းက Auto စနစ်နဲ့ ဆိုပေမယ့် မော်ဒယ်ရဲ့ ရုန်းအား တော်တော်လေး ကောင်းတာတွေ့ရပြီး နယ်လမ်းနဲ့ စိတ်ကြိုက်ဖြစ်ပါလိမ့်မယ်။

မောင်းနှင်ပြီး မော်ဒယ်ကတော့ ဈေးစကား နည်းနည် ပြောလာနိုင်ပြီး သက်တမ်း ၁၀ နှစ်လောက်ရှိတဲ့ မော်ဒယ် အနေနဲ့ အနည်းဆုံး ကီလို ၆ သောင်းကျော်လောက် မောင်းထားတာ ပြဿနာမရှိပေမယ့် အဲဒီထက် များ လာရင်တော့ ကြိုက်ဈေးသာ ဆစ်ဝယ်လိုက်ပါ။ အရောင်ပိုင်းမှာတော့ အဖြူက အတွေ့ရနည်းသလို အရောင်နဲ့ ပတ်သတ်ပြီးတော့လည်း ဈေးကွာဟမှုနှုန်း နည်းပါတယ်။ ကီလိုနဲ့ တပ်ဆင်ပစ္စည်းလောက်မှာပဲ ဈေးနည်းနည်း ကွာတာ တွေ့ရပါတယ်။ ဆီစားလည်း မဆိုးသလို ဓါတ်ဆီသုံး အင်ဂျင်စနစ်နဲ့ အတွေ့ရများပြီးတော့     ပြည်တွင်း ဈေးကွက်ဝင်တဲ့ မော်ဒယ် အများစုက ဂျပန်ထုတ်တွေ ဖြစ်တာကြောင့်လည်း စိတ်ချရတာ ပါပါတယ်။ ဒီရက် ငွေဈေး နည်းနည်းတက်တာကြောင့် ဈေးမြောက်ချင်ပေမယ့် ခေါ်ဈေး ၂၈၀၀န်းကျင်လောက်ရှိတဲ့ အနေအထားမှာ ၂၇၀ ဆိုတာထက် မပိုရင် မမှားနိုင်ပါဘူးနော်။ ဒါပေမယ့် မော်ဒယ် အနိမ့်၊ အမြင့်မှာတော့ ဈေးနည်းနည်းဟတတ်ပါတယ်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved