ဝါလကင်းလွတ် သီတင်းကျွတ်တော့မှာမို့ မောင်မယ် ယှဉ်တွဲကာ ထိမ်းမြားလက်ထပ်ကြရန် ပြင်ဆင်သူတွေ ရှိနေပါပြီ။ ဒီလိုစုလျားရစ်ပတ်ကြမယ့် သူတွေအတွက် မပါမဖြစ် အရေးကြီးတဲ့ လက်ထပ် လက်စွပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လက်ထပ်လက်စွပ် ဝတ်ဆင်ခြင်းဟာ နှစ်ဦးကြားပတ်သက်မှုတခုကို တံဆိပ် ခတ်နှိပ်လိုက်တာဖြစ်ပြီး သံယောဇဉ်တွေ ပိုခိုင်မြဲစေတယ်လို့လည်းဆိုကြပါတယ်။
ဆင်တူလက်စွပ်တွေကို လက်ထပ်ထိမ်းမြားသူတွေချည်းမဟုတ်ဘဲ ချစ်သူ၊ သူငယ်ချင်းတွေလည်း ဝတ်ဆင် ကြပါတယ်။ လမ်းသရဲဆန်တဲ့၊ ချစ်စရာကောင်းတဲ့၊ လှပတဲ့ စတဲ့စတဲ့ ဒီဇိုင်းပေါင်းစုံကို ရည်ရွယ်ချက်ပေါင်းစုံနဲ့ ဝတ်ဆင်ကြပါတယ်။
ဒါ့အပြင် လက်ခလယ်ကို ခေါက်ထားကာကျန်လက်လေးချောင်းကို ခွာချည်ကပ်ချည် ပြုလုပ်ပြီး အဲဒီလိုလုပ်လို့မရတဲ့ လက်သူကြွယ်မှာလက်ထပ်လက်စွပ်လို ဆင်တူလက်စွပ်ဝတ်ဆင်ခြင်းက အဲဒီခွဲမရတဲ့ လက်ချောင်းတွေလိုပဲ ချစ်ကြမယ်ဆိုတာမျိုး ကြားဖူးပါတယ်။
လက်စွပ်တွေကို ပတ်သတ်မှုအမျိုးမျိုးနဲ့ ဝတ်ဆင်ကြပေမယ့် သူတို့ရဲ့ အဓိပ္ပာယ်တွေကတော့ တူညီကြပါတယ်။ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားကြတာလည်း တူညီကြပါတယ်။ ဒီတပတ်မှာ သီတင်းကျွတ်ကာလ လက်ထပ် ထိမ်းမြားကြမယ့် ချစ်သူတွေအတွက်ရော၊ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေအတွက်ရော အဆင်ပြေမယ့် ဆင်တူလက်စွပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်စွပ်ဆင်တူအမျိုးမျိုးရှိသလို ခုနောက်ပိုင်းမှာတော့ လက်စွပ်နှစ်ခုကို ထပ်လိုက်ရင် တခုတည်းလို ဖြစ်သွားတဲ့ ပုံစံလေးတွေကို အကြိုက်များလာပါတယ်။
ဆင်တူလက်စွပ်တွေကို Online shopping နဲ့ လက် ဝတ်ရတနာအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။
ထက်ဦးဝေ
0 comments :
Post a Comment