ဘာဘီစုံတွဲနဲ့ တူဖို့ ပေါင် ၂ သိန်းအကုန်အကျခံ ခွဲစိပ်တဲ့ ပြင်သစ်စုံတွဲ

Thursday, October 22, 2015



ပြင်သစ်စုံတွဲနှစ်ဦးဟာ စတာလင်ပေါင် ၂ သိန်း အကုန်အကျခံကာ သူတို့တွေရဲ့အသည်းစွဲ ကလေးကြိုက် ဇာတ်ကောင်လေးတွေဖြစ်တဲ့  ဘာဘီ နှင့် သူ့ချစ်သူ ခန်မ်တို့နဲ့ ဆင်တူအောင် ခွဲစိပ်ပြုပြင်ခဲ့ကြပါတယ်။


အသက် ၂၀ အရွယ် Anastasia Reskoss နဲ့ ၂၃ နှစ်အရွယ် Quentin Dehar‬ တို့ဟာ ငယ်စဉ်ကတည်းက ဒီအရုပ်ကလေးတွေကို စွဲလန်းခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး နောက် နည်းလမ်းအမြောက်အများကို ကျော်ဖြတ်ကာ အခုလို ခွဲစိပ်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ခွဲစိပ်ပြုပြင်မှုရဲ့ နောက်ဆက်တွဲ အစီအစဉ်တရပ်အနေနဲ့ သူတို့ရဲ့ နာမည်တွေကိုပါ Doll နဲ့ Ken လို့ ပြောင်းလဲချင်တယ်လို့ သိရပါတယ်။





Ref:Global Times

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved