နေကြာစေ့ရဲ့ အံ့မခန်းအစွမ်း

Thursday, October 15, 2015




ကောက်ပဲသီးနှံတွေနဲ့ပဲရောစားစား၊ အသီးအရွက်အသုပ်တွေအပေါ်မှာပဲဖြူးစားစား၊ ပေါင်မုန့်နဲ့ပဲတွဲစားစား၊ အစေ့ ချည်းသက်သက်အရသာခံစားစား နေကြာစေ့ကို နည်းလမ်းများစွာနဲ့ ပျော်ရွှင်စွာသုံးဆောင်နိုင်ပါတယ်။ နေကြာစေ့ဟာ သေးငယ်သော အစေ့ဖြစ်သော်လည်း သူ့မှာဗိုက်တာမင်၊ သတ္တုဓါတ်၊ ရနံ့အဆီနဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ အပြည့်အ၀ပါဝင်ပါတယ်။ လက်တစ်ဆုပ်စာမျှ နေကြာစေ့ပမာဏကို စားသုံးတာနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

နှလုံးသွေးကြောများကိုအကာအကွယ်ပေးခြင်း

နေကြာစေ့မှ ဗိုက်တာမင်အီး အများအပြားပါဝင်ပြီး အဆီမှာ အလွယ်တကူ ပျော်ဝင်နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းလည်းပါရှိပါတယ်။ ဗိုက်တာမင်အီးဟာ ခန္ခာကိုယ်တွင်းရှိ ဓါတ်မပြည့်တဲ့ မော်လီကျူးများကို ထိန်းညှိုပေးတဲ့အပြင် အောက်ဆီဂျင်ဓါတ်လျော့ခြင်းကိုလည်း တားမြစ်ပေးပါတယ်။ ဓါတ်ပြယ်သွားသော သွေးတွင်းအဆီများဟာ သွေးကြောတစ်လျှောက်မှာ ကပ်ညိနေတတ်ပြီး သွေးကြောအဆီပိတ်ခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ထိုမှတဆင့် သွေးကြောများပိတ်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုပါ ဖြစ်ပေါ်နိုင်ပါတယ်။

သွေးတွင်းအဆီများကိုလျှော့ချပေးခြင်း

နေကြာစေ့မှာပါရှိတဲ့ ကယ်လိုရီများဟာ ဟိုက်ဒရိုကာဗွန်များပါဝင်တဲ့ ဖက်တီးအက်ဆစ်နဲ့ ဖွဲ့စည်းထားပြီး လင်နိုလစ်အက်ဆစ်မှာလည်း ဖက်တီးအက်ဆစ် (၅၀%)ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ နေကြာစေ့မှာ ကာဗွန်အက်တန်တစ်လုံးသာ ပါဝင်သော လင်နိုလစ်အက်ဆစ်ပါဝင်တာမို့ ခန္ခာကိုယ်အတွက် မလိုအပ်သော အဆီများကိုလျော့ချပေးပြီး ခန္ခာကိုယ်ကိုအကျိုးပြုသော အဆီပမာဏကို မြှင့်တင်ပေးပါတယ်။

အရိုး၊အာရုံကြောနဲ့ ကြွက်သားများအား အကျိုးကျေးဇူးပေးခြင်း

နေကြာစေ့ဟာ မဂ္ဂနီစီယမ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအသောက်ဖြစ်တာမို့ ခန္ခာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ ကျန်းမာသန်စွမ်းတဲ့အရိုးများကို ပိုင်ဆိုင်ဖို့ကူညီပေးပါတယ်။ ခွက်တစ်ခွက်ထဲမှာ လေးပုံတစ်ပုံမျှရှိနေတဲ့ နေကြာစေ့ပမာဏဟာ နေ့တနေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီစီယမ်ဓါတ်ကို ဖြည့်ဆည်းပေးနိုင်ပါ တယ်။

နေကြာစေ့ဟာ သင့်ရဲ့အမောအပန်းများကိုလည်း ပြေစေပါတယ်။ အာရုံကြောများရဲ့ ထုတ်လွှင့်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အာရုံကြောဆဲလ်များဟာ ကယ်လ်စီယမ်ဓါတ်အပေါ်မှီခိုလျက်ရှိပါတယ်။ မဂ္ဂနီစီယမ်ဟာ အာရုံကြောဆဲလ်အတွင်း ကယ်လ်စီယမ်ဝင်ရောက်လာမှုကို ထိန်းညှိပေးပါတယ်။ ထိုကဲ့သို့ ထိန်းညှိပေးခြင်းအားဖြင့် အာရုံကြောဆဲလ်များဟာ လိုအပ်သည်ထက်ပို၍ တက်ကြွနေခြင်းကို ကာကွယ်ပေး   ပြီး သွေးကြောနဲ့ကြွက်သားများကို ပြေလျော့စေပါတယ်။

ကင်ဆာဆန့်ကျင်ပစ္စည်းအဖြစ် ကာကွယ်ပေးခြင်း

သေးငယ်လှတဲ့နေကြာစေ့တွေမှာ ဆလင်နီယမ်သတ္တုဓါတ်၊ ကြွယ်ဝစွာပါဝင်ပြီး အဲဒီဓါတ်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့အရာများစွာနဲ့ ဆက်နွယ်လျက်ရှိပါတယ်။ ရှာဖွေလေ့လာချက်များအရ ဆလင်နီယမ်ဟာ ဗီဇဆဲလ်များကို ပြန်လည်ပြုပြင်ပေးခြင်းကို ပံ့ပိုးပေးပြီး ကင်ဆာဆဲလ်ပြန့်နှံ့ခြင်းကို ရပ်တန့်စေရန် ကူညီပေးတာမို့ ကင်ဆာဆဲလ်များ ၄င်းတို့အလိုအလျောက် ပြန်လည်ချေဖျက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းများဖြင့်ကာကွယ်ပေးခြင်း

နေကြာစေ့ဟာ ကျူးနစ်အက်ဆစ်၊ ကလိုရဂျန်းနစ်အက်ဆစ်၊ ကဖီးက်အက်ဆစ်ကဲ့သို့သော ပိုလီဖီနောများကို ကြွယ်ဝစွာဖြည့်ဆည်းပေးနိုင်သော အစားအစာလည်းဖြစ်ပါတယ်။ အဲဒီဒြပ်ပေါင်းများဟာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းအဖြစ်ဆောင်ရွက်ပေးပြီး ဆဲလ်များကို ဓါတ်မပြည့်ခြင်းမှသော်လည်းကောင်း၊ ဓါတ်ပြယ် ခြင်းကြောင့်ြ ဖစ်ပေါ်လာစေတဲ့စိတ်ဖိစီးမှုများမှသော်လည်းကောင်း ကွယ်ကာပေးပါတယ်။ ဤကဲ့သို့ စိတ်ဖိစီးမှုများဟာ အချိန်မတန်မီ အိုမင်းရင့်ရော်ခြင်းနဲ့ နာတာရှည်ရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။



ခင်အေးမြလွင် 

ကိုးကားသတင်း။ ။ http://www.healthdigezt.com/5-wonderful-benefits-of-sunflower-seeds/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved