အွန်လိုင်းမှာ နာမည်ကြီးလာတဲ့ ရွှေရေးထင်ထင်ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုသစ် ထွက်ပြီ

Thursday, October 15, 2015


စာရေးဆရာမ ရွှေရေးထင်ထင်(ဓာတ်ပုံ- မျိုးမင်းစိုး/ ဧရာဝတီ)


မကြာသေးခင်ကာလလောက်က ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာ်မှာ ခပ်မိုက်မိုက် ခပ်လန်းလန်းဒီဇိုင်းနဲ့ စာရေးဆရာမ တဦးရဲ့ ဓာတ်ပုံတွေပျံ့နှံ့ခဲ့ပြီး အတော်လေး နာမည်ကြီးခေတ်စားခဲ့တာ မှတ်မိကြဦးမှာပါ။ အခု အဲ့ဒီ စာရေးဆရာမရဲ့ ပထမဆုံးလုံးချင်း ၀တ္ထုသစ် ထွက်ရှိလို့လာပါပြီ။ စာရေးဆရာမ အမည်ကတော့ ရွှေရေးထင်ထင်ပါ။

သူ့ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုသစ်ကတော့ ရွှေကြာဖူးသစ် လို့ အမည်ရပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်တာပါ။ အဲ့ဒီ လုံးချင်းဝတ္ထုသစ်ကို မြန်မာမီဒီယာအုပ်စု မှ ထုတ်ဝေ ဖြန့်ချိ ပေးထား တာဖြစ်ပြီး စာမျက်နှာလေးရာခန့်ပါကာ အချစ်၊ စုံထောက် နဲ့ ဟာသဆန်ဆန် ရသသုံးမျိုးကို ဇာတ်လမ်းရှည်  ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။


ရွှေကြာဖူးသစ် မျက်နှာဖုံးမှာလည်း ရွှေရေးထင်ထင်နဲ့အတူ မော်ဒယ်သရုပ်ဆောင်နှစ်ဦးက ပါဝင် သရုပ်ဆောင်ပေးထားတာဖြစ်ပြီး ၀တ္ထုနဲ့ ပတ်သက်လို့ ဆရာမ ရွှေရေးထင်ထင်က “၀တ္ထုက ပထမဆုံး ၀တ္ထုဆိုပေမယ့် နည်းနည်းရှည်သွားတယ်။ အဲဒီအတွက်ကိုလည်း ထုတ်ဝေသူက အများကြီး ထုတ်ပေးရတယ်။  ပရိသတ်တွေ အနေနဲ့လည်း ၀တ္ထုရှည်သွားတဲ့အတွက် နည်းနည်း အချိန်ပေးပြီးတော့ ဖတ်ပေးရမှာပါ။ ဖတ်လည်းဖတ်ကြည့်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်တခုက ရွှေရေး ၀တ္ထုက လူငယ်ကြိုက်မယ့် ဖန်စီပုံစံဝတ္ထုလေး ဖြစ်ပါတယ်။ ဖတ်ပြီးရင်တော့ ဘ၀အမောပြေမယ်လို့လည်း မျှော်လင့်ပါတယ်”  လို့ ဧရာဝတီကို ပြောပြပါတယ်။



ရွှေကြာဖူးသစ် ၀တ္ထုကို ရောင်းဈေး ၄၅၀၀ ကျပ်နဲ့ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး ရွှေရေးထင်ထင်အနေနဲ့ နောက်ထပ် စာအုပ်များအနေနဲ့ စိတ်ကူးချိုချို စာပေတိုက်မှ ကလေးပုံပြင်စာအုပ်များနဲ့ ဒုတိယ လုံးချင်း ၀တ္ထုသစ်လည်း ဆက်တိုက်ထွက်ရှိလာဖို့ရှိကြောင်းသိရပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved