မှန်တံတားပေါ် ခရီးသွားတဦးရဲ့ စတီးရေပုလင်း ပြုတ်ကျခဲ့မှုကြောင့် မှန်တွေကွဲအက်လာခဲ့

Wednesday, October 7, 2015


အက်ကွဲကြောင်းတွေဖြစ်သွားခဲ့တဲ့ တံတားရဲ့ မှန်တခု (photo - shanghaiist.com)

တရုတ်နိုင်ငံ Yuntai တောင်တန်းအကြား  မီတာရာပေါင်းများစွာ အမြင့်မှာတည်ဆောက်ထားတဲ့ ပထမဆုံး U ပုံသဏ္ဌာန် မှန်နဲ့ပြုထားသော Yuntaishan တံတားဟာ တနင်္လာနေ့က ခရီးသွားတဦးရဲ့ စတီးရေပုလင်းတလုံး ရုတ် တရတ် မှန်ပေါ်ကို လွတ်ကျသွားခဲ့တာကြောင့် အက်ကွဲကြောင်းတွေဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတံတားပေါ်ကို ရောက်ရှိနေခဲ့တဲ့ အမျိုးသားတဦးက သူ့အနေနဲ့ ရုတ်တရတ်ဆူဆူညံညံအသံကို ကြားလိုက်ရပြီး  ခြေထောက်အောက်က မှန်တွေဟာလည်း လှုပ်ခါသွားသလို ခံစားလိုက်ရတယ်လို့သူရဲ့ တွစ်တာမှာ ဆိုထားပါတယ်။ နောက် သူ့ရဲ့ ဘေးအနားမှာရှိနေတဲ့ ခရီးသွားများဟာ ကြောက် လန့်တကြား တံတားပေါ်ကနေ ဆင်းပြေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

အဆိုပါမှန်တံတားရဲ့ ၀င်ပေါက်နေရာရှိ မှန်အပိုင်းအစတချို့မှာ အက်ကြောင်းအနည်းငယ်ပေါ်ပေါက်လာပေမယ့်လည်း ဒါဟာ ခရီးသွားတွေအတွက် ဘေးအန္တရာယ်ဖြစ်စေလောက်တဲ့ ပြဿနာမရှိပါဘူး။ စိတ်ချရပါတယ်လို့ တာဝန်ရှိသူတွေရဲ့ တရားဝင်ပြောကြားချက်ကို တရုတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တံတားကို တနင်္လာနေ့ကတည်းက ပိတ်ထားခဲ့ပြီး “ပြင်ဆင်မှုတွေလုပ်ပြီးတာနဲ့ ပြန်ဖွင့်မှာပါ” လို့ Yuntai   တောင်တန်းနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ ပြောကြားထားပါတယ်။



ဒီတံတားကို ပြီးခဲ့တဲ့လကမှ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တံတားရဲ့သက်တမ်းဟာ ၂ ပတ်နီးပါးသာ ရှိပါသေးတယ်။ ဒီ မှန်တံတားဟာ တရုတ်ပြည် Henan ခရိုင်မှာတည်ရှိပါတယ်။


Ref: CCTV news

1 comments :

  1. Anonymous said... :

    Made in China won't last long...LoL!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved