တောင်ကိုရီးယားနိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်များကို ခွဲစိပ်ပြုပြင်မှု ပိုမိုပြုလုပ်လာကြ

Thursday, October 8, 2015




တောင်ကိုရီးယားနိုင်ငံဟာ ခွဲစိပ်ပြုပြင်ဖန်တီးခြင်းကို အလွန် ၀ါသနာပါတဲ့နိုင်ငံတခုလို့ဆိုရပါမယ်။ တောင်ကိုရီးယားရှိ လူများသာမက အခုဆို တိရိစ္ဆာန်များကိုပါ ခွဲစိပ်ပြုပြင်လာကြပြန်ပါပြီ။

အခုဆိုရင် အိမ်မွေးအလှခွေးကလေးများကို ပလပ်စတစ်ဆာဂျရီ ပြုလုပ်ခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့  ရေစီးကြောင်းအသစ်တခုလို ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လို့လာပါတယ်။ တပြိုင်နက်ထဲမှာပဲ ဒီလို    ပြုလုပ်လာကြခြင်းအပေါ် တိရိစ္ဆာန်ချစ်သူများရဲ့ ဝေဖန်ပြောဆိုခြင်းတွေဟာလည်း ပေါ်ပေါက်လာပါတယ်။




တိရိစ္ဆာန်လေးတွေကို ဖြီးလိမ်းပြင်ဆင်ပေးခြင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ ကျယ်ပြန့်စွာ ခေတ်စားလာခဲ့   ပြီး အငြင်းပွားဖွယ်ရာ ခွဲစိပ်ပြုပြင်မှုများကို သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးများအပေါ် ပြုလုပ်လာကြတဲ့ ပိုင်  ရှင်ဦးရေဟာလည်း ပိုမိုများပြားလို့နေတာပါ။

ခွဲစိပ်ပြုပြင် ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၆၀ မှ ၁၀၀ ၀န်းကျင်ရှိပါတယ်။ သို့ပေမယ့် တောင်ကိုရီးယားနိုင်ငံမှ တိရိစ္ဆာန်ချစ်သူများက အခုလို တိရိစ္ဆာန်လေးများအား ခွဲစိပ်ပြုပြင်ခြင်း ရေစီး ကြောင်းအသစ်အပေါ် အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ဒါဟာ ညင်းပန်းနှိပ်စက်ခြင်းတခုဖြစ်တယ်လို့ ဆိုကြပါတယ်။




 “တိရိစ္ဆာန်လေးတွေကို ခွဲစိပ်ဖို့ ဆုံးဖြတ်ထားကြတဲ့ ပိုင်ရှင်တွေဟာ ကလေးငယ်တဦးကို ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ အတင်းအဓမ္မစေခိုင်းနေတဲ့ မိဘနဲ့တူပါတယ်” လို့ ဒီလိုခွဲစိပ်မှုအပေါ် ကန့်ကွက်သူတဦးက ဆိုရှယ်မီဒီယာ တခုမှာ ရေးသားထားပါတယ်။

အခုလို အိမ်မွေးတိရိစ္ဆာန်များကို ပလပ်စတစ်ဆာဂျရီပြုလုပ်ပေးခြင်းဟာ ယခင်က ဆေးပညာလောကမှာ    စိတ်တောင်မကူးခဲ့ဘူးတဲ့ အရာတခုဖြစ်ခဲ့ပေမယ့် မကြာခင်မှာပဲ ဒီလို ခွဲစိပ်ပြုပြင်ခြင်းတွေဟာ သူတိုရဲ့      တိ ရိစ္ဆာန်လေးတွေကို ပိုမို ဆွဲဆောင်မှုရှိစေနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိလာကြတဲ့အခါမှာ ပြုလုပ်လာ      ကြခြင်း ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။



Ref: CCTV news

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved