အသက်လေးနှစ်အရွယ်ကလေးငယ်တဦး စက်လှေကားကြားညှပ်မိပြီး သေဆုံး

Friday, October 9, 2015




တရုတ်ပြည် Chongqing မြို့ရဲ့ မြေအောက်ရထားဘူတာရုံတခုမှာ အသက် ၄နှစ်အရွယ် ယောကျာ်း     ကလေးငယ်တဦးဟာ စက်လှေခါးအကြားညှပ်မိပြီး  သေဆုံးခဲ့တဲ့ဖြစ်ရပ်တခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။

ကလေးငယ်ဟာ ရွေ့လျားနေတဲ့ စက်လှေကားရဲ့ လက်ရမ်းကို မှီပြီး ၃ နှစ်အရွယ်မိန်းကလေးငယ်တဦးနဲ့  ဆော့ကစားနေစဉ် ရုတ်တရတ် လဲကျကာ စက်လှေကားနဲ့ မြေပြင်အကြား ကျဉ်းမြောင်းတဲ့နေရာထဲသို့   လိမ့်ကျသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။




မြေအောက်ရထားရုံမှ ၀န်ထမ်းများက ချက်ချင်းဆိုသလို စက်လှေကားကို ပိတ်ပစ်ခဲ့ပြီး ကလေးငယ်ကို     ကယ်တင်ဖို့ရန် ကြိုးစားခဲ့ပေမယ့် ကလေးငယ်ဟာ ရင်ဘတ်ကိုဆောင့်မိတဲ့ ပြင်ထန်းတဲ့ဝေဒနာကြောင့် ဆေးရုံကိုရောက်ရှိပြီးနောက် သေဆုံးသွားခဲ့တာပါ။

မျက်မြင်ကလေးငယ်နှစ်ဦးရဲ့အဆိုအရ သေဆုံးသွားခဲ့တဲ့ ကလေးငယ်ရဲ့ မိခင်ဟာ ကလေးကို တယောက်တည်း ထားထားပြီး တခြားအလုပ်ကိစ္စတွေနဲ့ ရှုပ်နေခဲ့တာလို့ ဆိုပါတယ်။

အခုလို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ မိဘတွေအနေနဲ့ ကလေးငယ်တွေကို မျက်နှာလွှဲခဲပစ် ထားခဲ့ခြင်းအပေါ် တရုတ်လူမှုအသိုင်းအ၀ိုင်းအကြားအတော်လေး ကယက်ထခဲ့တာပါ။




ကလေးမိခင်တွေဟာ တာဝန်အပြည့်အ၀ယူသင့်ကြောင်း၊ အခုဖြစ်သွားတဲ့ကိစ္စရပ်မှာ စက်လှေကား အပြစ်မဟုတ်ဘဲ တချို့မိဘများဟာ ကိုယ့်ကလေးငယ်အတွက် အန္တရာယ်ရှိမယ်ဆိုတာကို သိရက်နဲ့ လုံးဝကို       ဂရုစိုက်မှုမရှိတာမျိုးတွေရှိကြောင်း၊ မိခင်တွေဟာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ကလေးငယ်ကို တယောက်တည်း ပစ်မထားသင့်ကြောင်း၊ သူတို့တွေအနေနဲ့ ကိုယ့်ကလေးပျောက်မှာတို့ လူကုန်ကူးခံရမှာတို့ စတဲ့ အရာတွေကို ကြောက်လန့်မှုမရှိကြကြာင်းနဲ့ အထူးသဖြင့် စက်လှေကားရှိတဲ့နေရာမျိုးတွေမှာ ကိုယ့်ကလေးငယ်ရဲ့ လက်ကို ဂရုတစိုက်တွဲထားသင့်ကြောင်း စတဲ့ ထင်မြင်ချက်တွေကို ပြောဆိုနေကြပါတယ်။

မြန်မာပြည်က ကလေးမိဘတွေအနေနဲ့လည်း ကိုယ့်ကလေးငယ်ကို အခုလို အဖြစ်မျိုးနဲ့ မကြုံတွေ့ရစေဖို့    ဂရုတစိုက် ရှိသင့်တယ်လို့ အသိပေးလိုက်ချင်ပါတယ်။


Ref: CCTV news

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved