ဆွဇ်ဇာလန်နာရီနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ Huawei စမတ်နာရီ

Thursday, October 8, 2015


ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ နာရီလောကမှာ နာမည်ကြီးတဲ့ ဆွစ်ဇာလန်နာရီနဲ့ ထုတ်လုပ်ထားတဲ့  Huawei စမတ်နာရီကို ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီနိုင်ငံတွေမှာ စတင်ရောင်းချနေပြီဖြစ်ပြီး အောက်တိုဘာလထဲမှာ အင်္ဂလန်၊ ဂျပန်နဲ့ ယူအေအီးနိုင်ငံတွေမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Huawei စမတ်နာရီဟာ စတင်မိတ်ဆက်ပြီးနောက်ပိုင်း နည်းပညာရှင်များရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါ တယ်။

Huawei စမတ်နာရီဟာ ဖုန်းအဝင်ကောလ်များ၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်များကို လက်ခံရရှိနိုင်မှာပါ။ 1.4” & Sd Touch AMOLED မျက်နှာပြင်၊ ခြစ်ရာထင်းရာများကို ကာကွယ်နိုင်မယ့် နီလာခရစ်စတယ် (ဆွစ်နာရီ   ထုတ်လုပ်သူတွေရဲ့ အနှစ်သက်ဆုံး) နဲ့ စတီးဖရိန်တို့နဲ့   ဖန်တီးထားပါတယ်။

ဖက်ရှင်နဲ့ နည်းပညာကို ပေါင်းစပ်ထားတဲ့အဆင့်မြင့် စမတ်နာရီတလုံးအဖြစ် ထင်ဟပ်စေမယ့်အပြင် Google’s Android Wear™ နောက်ဆုံး Version ထည့်သွင်းထားတာကြောင့် Android အသုံးပြု သူတွေ သာမက iOS အသုံးပြုသူတွေပါ Huawei စမတ်နာရီကို အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

Bluetooth နဲ့ ကြိုးမဲ့နားကြပ်ကိုချိတ်ဆက်နိုင်မှာဖြစ်ပြီး သီချင်းများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ နှလုံးခုန်နှုန်းကို အတိအကျ တိုင်းတာနိုင်ပြီး 6-Axis အာရုံခံကိရိယာက လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ တောင်   တက်ခြင်းစတဲ့ မှတ်တမ်းတွေ၊ ခြေလှမ်းတွေကို မှတ်ယူပေးနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Huawei Consumer Business Group (BG) &JU IFA ပွဲမှာ ဓာတ်ပုံပညာရှင် Mario Testino နဲ့ ပူးပေါင်း ပြီး Huawei စမတ်နာရီကိုမိတ်ဆက်ပြသခဲ့ပါတယ်။ အခမ်းအနားကို အမေရိကန် စူပါမော်ဒယ်လ် KarlieKloss နဲ့ ကမ္ဘာ့ထိပ်တန်းမော်ဒယ်လ်  Sean O’Pry တို့လည်းတက်ရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

Huawei ဟာ ၂၀၁၄ ခုနှစ်မှာ တကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့မှုအများဆုံး တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။


ထက်ဦးဝေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved