သူငယ်ချင်းတွေ၊ ချစ်သူတွေအတွက် Couple Shirt

Monday, October 5, 2015




စတိုင် ရှိမှ စတားဖြစ်မယ် ဆိုတဲ့ စကားအတိုင်းလူငယ်တွေဟာစတားဖြစ်ဖို့အတွက် စတိုင်ကို ဦးစားပေးလာကြပါပြီ။ ဒီလိုဦးစာပေးလာတဲ့နေရာမှာ အတိုအပြတ်တွေ ဝတ်မှ စတိုင်ကျမှာ မဟုတ်ပဲလုံခြုံပြီးသပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုကလည်း စတိုင်ကျစေတယ်ဆိုတာကို သတိပြုကြရမှာပါ။

ခုခေတ်မှာ T-shirt လေးတွေကို ယောက်ျားလေးတွေသာမကဘဲ မိန်းကလေးတွေပါ မက်မက်မောမောဝတ်ဆင် လာကြပါပြီ။ အိမ်နေရင်းပဲဖြစ်ဖြစ် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ် T-shirt လေးတွေကို Jeans လေးတွေနဲ့ တွဲဖက်ပြီး ဖက်ရှင်ကျကျလေး ဝတ်ဆင်လာကြတာ အခုခေတ် လူငယ်လေးတွေရဲ့ စတိုင်ပါပဲ။

မရိုးလွန်းမဆန်းလွန်တဲ့ ဖက်ရှင်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ လူငယ်စတိုင်တခုအတွက် T-shirt နဲ့ Jeans က   အကောင်းဆုံးလို့ ဆိုရမှာပါ။ အဲဒီလို T-shirt လေးတွေကို ချစ်သူစုံတွဲလေးတွေအတွက် အရောင်တူ၊ အ  ဆင်တူ Couple shirt လေးတွေအဖြစ်လည်း တွေ့မြင်လာကြရပါတယ်။

ချစ်သူတွေရဲ့ အမှတ်အသားတွေဖြစ်တဲ့ လက်စွပ်ဆင်တူ၊ ဆွဲကြိုးဆင်တူစသည်ဖြင့် ဆင်တူလေးတွေ ဝတ်ဆင် အသုံးပြုကြတဲ့ အလေ့အကျင့်လေးကလည်း တကယ့်ကိုချစ်စရာပါပဲ။ အဲဒီလိုဆင်တူလေးတွေထဲမှာအင်္ကျီ ဆင်တူဝတ်ကြတာတော့ ပိုများပါတယ်။ Valentine’ s day နှစ်ပတ်လည်နေ့နဲ့ အမှတ်တရနေ့တွေမှာ ဆင်တူအင်္ကျီလေးတွေဝတ်ပြီး လျှောက်လည်  တတ်ကြပါတယ်။

ဒီလိုဆင်တူပစ္စည်းလေးတွေကိုချစ်သူတွေချည်းမဟုတ်ဘဲ၊ သူငယ်ချင်းတွေနဲ့ပါ အသုံးပြုကြပါတယ်။ Best Friend Forever ဆိုတဲ့ BFF တွေအကြားမှာ ဒီအမူအကျင့်လေးကို အများဆုံးတွေ့ရပါတယ်။ သူငယ်        ချင်းတွေကို လက်ဆောင်ပေးတာမျိုး၊ သူတို့နဲ့အတူတူ ဝတ်ဆင် အသုံးပြုတာမျိုးစတဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့် လေးပါပဲ။

ဒီတပတ်မှာတော့ မိမိတို့ ချစ်သူခင်သူတွေနဲ့ ဆင်တူဝတ်ဆင်နိုင်မယ့် အင်္ကျီလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ Couple shirt လေးတွေကို Online shopping မှာကော နီးစပ်ရာ Shopping mall တွေမှာပါ ဝယ်ယူနိုင်ပါတယ်။


ထက်ဦးဝေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved