ဈေးနှုန်းသင့်တဲ့ Samsung Galaxy J2

Friday, October 23, 2015





Samsung ရဲ့နောက်ဆုံးပေါ် Samsung Galaxy J2 ကို မြန်မာနိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပါပြီ။

Samsung Myanmar ဟာ Galaxy J Series တွေထဲက သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အလယ်အလတ်တန်းဝင် နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းအသစ်တလုံးကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဆင့်မြင့် စမတ်ဖုန်း တလုံးဖြစ်တဲ့ Samsung Galaxy J2 ဟာ မြန်မာသုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အထူးအလေးထားပြီး ထုတ်လုပ်ထားတဲ့ ဖုန်းတလုံးဖြစ်တယ်လို့ သိရပါတယ်။


“ကျနော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင်ပါတယ်။ Galaxy J2 မှာဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် အဓိကလိုအပ်ချက် သုံး ခုဖြစ်တဲ့ အရောင်အသွေးစုံလင်ပြတ်သားပြီး ကြည်လင်တောက်ပတဲ့ မျက်နှာပြင်၊ 3G အင်တာနက် သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့ နဲ့ စွမ်းဆောင်ရည်တွေ ထပ်မံတိုးမြှင့်ဖြည့်စွက်ပံ့ပိုးထားတဲ့ စမတ်ဖုန်းတလုံး ဖြစ်ကြောင်းကို ကျနော်တို့ အာမခံပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT and Mobile Business ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

Galaxy J1 က စွမ်းဆောင်ရည်တချို့ကို ထပ်မံတိုးမြှင့်ထားတာဖြစ်တဲ့အတွက် Samsung Galaxy J2 (SM-J200G) မှာ ၄.၇ လက်မ အရွယ်အစားရှိတဲ့ Quad HD display ပါဝင်မှာဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းတွင် 1GB RAM အရွယ်အစားရှိ 1.3 GHz 32-bit Quad-Core Exynos 3475 CPU processor လည်း ထည့် သွင်းထားပါတယ်။



Galaxy J2 မှာ Built-in storage space အနေနဲ့ 8GB ပါဝင်ပြီး micro SD cards ထည့်သွင်းပြီး ထပ်မံ      ဖြည့်စွက်အသုံးပြုနိုင်ရုံသာမက ဆင်းမ်ကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Galaxy J2 မှာ 5MP ရှိအနောက်ကင်မရာ နဲ့ 2MP ရှိ အရှေ့ကင်မရာတို့ ပါဝင်ပါတယ်။

အရွယ်အစားအနေနဲ့ 136.5x69x8.4 mm ရှိပြီး 2000 mAh အရွယ်အစားရှိတဲ့ ဘက်ထရီပါဝင်ပါတယ်။ ၎င်း စမတ်ဖုန်းမှာ နောက်ဆုံးထွက်ရှိထားတဲ့ Android 5.1 Lollipop ကိုလည်း ထည့်သွင်းထားပါတယ်။

ဈေးနှုန်းအနေနဲ့ ၁၅၂၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး Samsung Galaxy J2 စမတ်ဖုန်းကို ၂၀၁၅ အောက်တိုဘာ ၂၁ ရက် မှာဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။


ထက်ဦးဝေ


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved