ကြံ့ခိုင်ရေးမဲဆွယ်ပွဲမှာ ဝေဖန်ခံရမှုကို ဇွန်သဉ္ဖာ ရှင်းပြီ

Wednesday, November 4, 2015


 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဲဆွယ်စည်းရုံးဖျော်ဖြေပွဲမှာ ဖျော်ဖြေနေတဲ့ မော်ဒယ်လ်ဇွန်သဉ္ဖာ

 အခုရက်ပိုင်း အတောအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံး ဖျော်ဖြေပွဲမှာ Sexy မော်ဒယ်လ်တွေ အသုံးပြုခဲ့ပြီး အဲ့ဒီ မော်ဒယ်လ်တွေရဲ့ ပုံတွေဟာ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပလူပျံအောင် ပျံ့နှံ့လာခဲ့ကာ ဖေ့ဘုတ်သုံးစွဲသူ အကြား အတော်လေး စိတ်ဝင်တစားနဲ့ ပြောဆိုဝေဖန်နေကြပါတယ်။
ပိုဆိုးတာက ဒီ Sexy မော်ဒယ်လ်တွေရဲ့ ၀တ်စားဖျော်ဖြေပုံတွေဟာ အတော်လေး လျှပ်ပေါ်လော်လီသလို ဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုနည်းနဲ့ မဲဆွယ်စည်းရုံးဖျော်ဖြေမှုအပေါ် လက်မခံနိုင်ကြတာပါပဲ။

အဲ့ဒီပွဲမှာ Sexy မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဖာနဲ့ ဇာဇာထက်တို့အပါအ၀င် မော်ဒယ်လ်အနုပညာရှင် ၅ ဦးကို တဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်း နဲ့ ဌားရမ်းဖျော်ဖြေခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီလိုဖျော်ဖြေပွဲမှာ လိုက်လံဖျော်ဖြေခဲ့ပုံ လျှပ်ပေါ်လော်လီတဲ့ ၀တ်စားပုံတွေကြောင့် ဝေဖန်ခံနေရတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာက သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာထက်မှာ ပြန်လည်ဖြေရှင်းပြောဆိုထားပါတယ်။

“ဇွန်က ကြိုးစားဆဲ underground က အနပညာသမားမို့ ဝမ်းရေးပူစရာမလိုတဲ့ အောင်မြင်ပြီးသား အနုပညာရှင်တွေလိုတော့ ပါတီစွဲတွေမထားနိုင်ပါဘူး။ ဇွန်ကို အနုပညာကြေးပေးပြီး အရေးတယူ လာငှားရင် ဘယ်ပါတီအတွက် ဘယ်ပွဲအတွက်မဆို အားတက်သရော သီဆိုဖျော်ဖြေ ကခုန်ပေးမှာပါ။ ဒါဟာပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုမှာ ပါဝင်ပတ်သက်တာမဟုတ်ဘဲ လူတွေရဲ့ ခဏတာဘဝအမောကို ဖြေဖျောက်ပြီး ပျော်ရွှင်ဖို့ ဖျော်ဖြေပေးရုံ သက်သက်သာဖြစ်ပါတယ်။ နားလည်နိုင်ပါစေနော် ချစ်ပရိတ်သတ်ကြီး” လို့ ဆိုထားတာပါ။

မော်ဒယ်လ်ဇာဇာထက်ကတော့ “သူတို့ပါတီက မဲဆွယ်ပေးစရာလည်းမလိုဘူး။ မဲပေးပေးဖို့လည်းမဟုတ်ဘူး ။ သီချင်းဖျော်ဖြေပေးဖို့ တရိုတသေနဲ့ လာငှားတယ်။ ၁၀ သိန်းရတယ်။ ကျမတို့က တခုခုလုပ်တာနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေတာဆို တော့ အခုလိုဝေဖန်ခံရတာလည်း တဖက်တလမ်းက နာမည်ကြီးတယ်လို့ ယူဆတယ်။ အနုပညာရှင်တယောက်က အနုပညာ အလုပ်လုပ်နေတာလို့ပဲ ယူဆတယ်”လို့ ဧရာဝတီကို ပြောထားပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved