"မျှော်လင့်ချက်တစုံတရာ" သီချင်းနဲ့ အန်အယ်လ်ဒီကို ဂုဏ်ပြုလိုက်တဲ့ ဂျပန်အဆိုတော်မလေး

Friday, November 13, 2015




မြန်မာဆိုတာကို ချစ်လို့ မြန်မာစာကိုသင်၊ မြန်မာသီချင်းကို ဆိုပြီး မြန်မာအစားအစာ နဲ့ မြန်မာ့ယဉ်ကျေးမှုကိုပါ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ဂျပန်အဆိုတော်မလေး ဆူဝါဂျွန်ဂိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က သူမရဲ့ Junko Suwa-Myanmar Page (ဖေ့ဘုတ်- မြန်မာပေ့ခ်ျ) မှာ တေးရေး ဆောင်းဦးလှိုင် ဖန်တီးရေးစပ်ထားပြီး အဆိုတော် နီနီခင်ဇော်ရဲ့ “မျှော်လင့်ချက်တစုံတရာ” တေးသီချင်းကို မြန်မာလို ပီပီသသ သီဆို ဂုဏ်ပြုထားတဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ တွေ့ရပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်တွင် “မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာပါပြီ” လို့လည်း မြန်မာလို မှတ်ချက်ပြုရေးသားထားပါသေးတယ်။

ဒီ“မျှော်လင့်ချက်တစုံတရာ” တေးသီချင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ရည်ရွယ်ရေးသားထားတဲ့သီချင်းဖြစ်တယ်လို့ တေးရေးဆရာ ဆောင်းဦးလှိုင်က ပြောဆိုခဲ့ဖူးပါတယ်။

ဂျပန်အဆိုတော်မလေး ဆူဝါဂျွန်ဂိုဟာ ဂီတအနုပညာကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သလို ဆူဝါဂျွန်ကိုရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတကာသွားပြီး သူ့ရဲ့ အနုပညာကို တင်ဆက်နိုင်ဖို့လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလတုန်းက ဆူဝါဂျွန်ကိုဟာ ရန်ကုန်မှာ မြန်မာသီချင်းကို သီဆိုခဲ့ပါသေးတယ်။

ကဲ ဂျပန်အဆိုတော်မလေး ဂုဏ်ပြုသီဆိုထားတဲ့ “မျှော်လင့်ချက်တစုံတရာ” ဗီဒီယိုဖိုင်ကို ဧရာဝတီ ပရိတ်   သတ်တွေ ကြည့်ရှုနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။




ဆက်စပ်သတင်း။  ။ http://blog.irrawaddy.org/2015/06/blog-post_20.html


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved